တမန်တော်ဝတ္ထု 17:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း18 ဧပိကုရု၏တပည့်များနှင့် သတောအိတ်အတွေးခေါ်ပညာရှင် တချို့သည်လည်း သူနှင့်အတူ အချေအတင်ငြင်းခုံဆွေးနွေးကြ၏။ တချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောလိုသနည်း” ဟု ပြောကြ၏။ အခြားသူတို့ကလည်း “သူသည် တိုင်းတစ်ပါး နတ်ဘုရားများအကြောင်းကို ပြောပြနေဟန်ရှိ၏” ဟု ဆိုကြ၏။ ဤသို့ပြောဆိုခြင်းမှာ ပေါလုသည် ယေရှုအကြောင်းနှင့် သေရာမှပြန်ရှင်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။ Ver CapítuloCommon Language Bible18 ဧပိကုရုနှင့်သတောအိပ်ဟုခေါ်သော အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်အချေအတင်ဆွေးနွေးကြ၏။ ထို သူအချို့တို့က ``ဤစကားအိုးသည်အဘယ် အရာကိုပြောဆိုနေပါသနည်း'' ဟုဆိုကြ၏။ အခြားသူများက ``သူသည်လူမျိုးခြားတို့၏ နတ်ဘုရားများအကြောင်းကို ပြောဆိုနေဟန် တူ၏'' ဟုဆိုကြ၏။ ထိုသူတို့ဤသို့ပြောကြ ခြင်းမှာပေါလုသည်သခင်ယေရှုအကြောင်း နှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအကြောင်း တို့ကိုဟောပြောနေသောကြောင့်ဖြစ်၏။- Ver CapítuloGarrad Bible18 ဧ ပိ ကု ရန် နှင့် သ တော အိတ် ခေါ် သင်္ဂြိုဟ် တတ် တို့ သည် သူ နှင့် ဆိုင် ပြိုင်၍ အ ချို့ က ဤ စ ကား အိုး ကား မည် သို့ ပြော ဆို လို သ နည်း ဟူ၍ လည်း ကောင်း၊ ယေ ရှု အ ကြောင်း နှင့် ရှင် ပြန် ထ မြောက် ခြင်း အ ကြောင်း ပေါ လု ဟော ပြော သော ကြောင့်၊ အ ချို့ က ထူး ခြား သော နတ် များ ကို ရည် လျက် ဖော် ပြ ဟန် ရှိ သည် ဟူ၍ လည်း ကောင်း ပြော ဆို ပြီး လျှင်၊ Ver CapítuloJudson Bible18 ထိုအခါ ဧပိကုရုတပည့်တို့နှင့် သတောအိတ် ပညာရှိအချို့တို့သည် ပေါလုနှင့် ဆိုင်ပြိုင်၍၊ အချို့က၊ ဤမရေရာသောလူသည် အဘယ်သို့ပြောချင်သနည်းဟု ဆို၏။ အချို့ကလည်း၊ ဤသူသည် တစ်ကျွန်းတစ်နိုင်ငံ နတ်ဘုရားတို့၏ အကြောင်းကို ဟောပြောသောသူ ဖြစ်ဟန်ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်းကား၊ ပေါလုသည် ယေရှု၏တရားနှင့် ထမြောက်ခြင်း တရားတည်းဟူသော ဧဝံဂေလိတရားကို ဟောသတည်း။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း18 ဧပိကုရု၏တပည့်များနှင့် သတောအိပ်အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်ဆွေးနွေးကြ၏။ အချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောဆိုလိုသနည်း”ဟု ဆိုကြ၏။ အချို့တို့ကမူ “သူသည် တစ်ပြည်တစ်ရပ်ခြား၏နတ်ဘုရားများအကြောင်းကို ဟောပြောနေဟန်ရှိသည်”ဟု ဆိုကြ၏။ ဤသို့ဆိုခြင်းမှာ ပေါလုသည် ယေရှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။ Ver Capítulo |