တမန်တော်ဝတ္ထု 16:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ထိုသို့ဖြင့် အသင်းတော်များသည် ယုံကြည်ခြင်း၌ ခိုင်မာကြ၍ နေ့စဉ် လူဦးရေတိုးပွားလေ၏။ Ver CapítuloCommon Language Bible5 သို့ဖြစ်၍အသင်းတော်တို့၏ယုံကြည်ခြင်း ပိုမိုခိုင်မြဲလာလျက် နေ့စဉ်နေ့တိုင်းအရေ အတွက်အားဖြင့်တိုးတက်များပြားလား ၏။ Ver CapítuloGarrad Bible5 အ သင်း တော် တို့ သည် ယုံ ကြည် ခြင်း တ ရား တော်၌ အား ပြည့်၍ နေ့ စဉ် လူ ဦး ရေ တိုး တက် ၏။ Ver CapítuloJudson Bible5 ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍၊ အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့ တိုးပွားများပြားကြ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း5 ဤသို့ဖြင့် အသင်းတော်များသည် ယုံကြည်ခြင်းပိုမိုခိုင်မာလာ၍ တစ်နေ့တခြား လူဦးရေတိုးပွားလာ၏။ Ver Capítulo |
တိမောသေကို သင်တို့ထံသို့ စေလွှတ်လိုက်၏။ သူသည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောလျက် ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့နှင့် အတူဆောင်ရွက်သည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုဖြစ်၏။ သူ့ကိုစေလွှတ်ရခြင်းအကြောင်းအရင်းသည် သင်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေ၍ သင်တို့ကို တိုက်တွန်းနှိုးဆော်ရန် ဖြစ်၏။
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။