တမန်တော်ဝတ္ထု 16:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း34 ထောင်မှူးသည် ပေါလုနှင့်သိလတို့အား မိမိအိမ်သို့ခေါ်ကာ အစားအစာများကို တည်ခင်းကျွေးမွေး၏။ သူနှင့်တကွ အိမ်သားအားလုံးသည် ဘုရားသခင်ကို ယုံကြည်ကြသဖြင့် အလွန်ဝမ်းမြောက်ကြ၏။ Ver CapítuloCommon Language Bible34 သူသည်ပေါလုနှင့်သိလတို့အားမိမိ၏အိမ် သို့ဖိတ်ခေါ်၍ စားဖွယ်သောက်ဖွယ်များကိုတည် ခင်းကျွေးမွေး၏။ သူနှင့်သူ၏အိမ်သားတို့သည် ဘုရားသခင်ကိုယုံကြည်လာကြသဖြင့်လွန် စွာရွှင်လန်းဝမ်းမြောက်ကြလေသည်။ Ver CapítuloGarrad Bible34 ဘု ရား သ ခင် ကို ယုံ ကြည် သ ဖြင့် တစ် အိမ် ထောင် လုံး ရွှင် လန်း ကြ သည် နှင့် ကိုယ့် အိမ် သို့ ပင့် ခေါ်၍ စား ဖွယ် သောက် ဖွယ် တည် လေ၏။ Ver CapítuloJudson Bible34 တစ်ဖန် ပေါလုနှင့် သိလတို့ကို မိမိအိမ်သို့ ခေါ်ပင့်ပြီးမှ သူတို့ကို လုပ်ကျွေး၍၊ ဘုရားသခင်ကို ယုံကြည်လျက် အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ ရောက်လေ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း34 သူသည် ပေါလုနှင့်သိလတို့ကို အိမ်သို့ခေါ်ဖိတ်၍ စားဖွယ်ရာများတည်ခင်းကျွေးမွေးကာ အိမ်သူအိမ်သားအားလုံးနှင့်အတူ ဘုရားသခင်ကိုယုံကြည်ရသောကြောင့် အလွန်ဝမ်းမြောက်လေ၏။ Ver Capítulo |