တမန်တော်ဝတ္ထု 16:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ ရောက်လာ၏။ လုတ္တရမြို့တွင် တိမောသေဟု ခေါ်သော တပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူ ဂျူးအမျိုးသမီးဖြစ်ပြီး ဖခင်မှာ ဂရိအမျိုးသားဖြစ်၏။ Ver CapítuloCommon Language Bible1 ပေါလုသည်ဒေရဗေမြို့နှင့်လုတ္တရမြို့သို့ရောက် ရှိလာ၏။ လုတ္တရမြို့တွင်တိမောသေနာမည်ရှိ သောတပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူယုဒအမျိုးသမီးဖြစ်သော်လည်း သူ၏ဖခင်မှာဂရိအမျိုးသားဖြစ်၏။- Ver CapítuloGarrad Bible1 ဒေ ရ ဗေ မြို့ နှင့် လု တ္တ ရ မြို့ သို့ ရောက် လေ ၏။ Ver CapítuloJudson Bible1 ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ ရောက်လေ၏။ လုတ္တရမြို့၌ တိမောသေအမည်ရှိသော တပည့်တော်တစ်ယောက် ရှိ၏။ သူ၏အမိကား၊ ယုံကြည်သော ယုဒမိန်းမဖြစ်၏။ အဘကား၊ ဟေလသလူဖြစ်၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း1 ထို့နောက် ပေါလုသည် ဒေရဗေမြို့မှတစ်ဆင့် လုတ္တရမြို့သို့ ရောက်လာ၏။ ထိုအရပ်၌ တိမောသေအမည်ရှိ တပည့်တော်တစ်ဦးရှိ၏။ သူသည် ယုံကြည်သူဂျူးအမျိုးသမီး၏သားဖြစ်သော်လည်း သူ၏ဖခင်မှာမူ ဂရိအမျိုးသားဖြစ်၏။ Ver Capítulo |
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ကောရိန္သုမြို့ရှိ ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံး၌ နေထိုင်သော ယုံကြည်သူအားလုံးထံသို့ ပို့လိုက်သောစာ ဖြစ်၏။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်ပေါလု၊ သိလွာနုနှင့် တိမောသေတို့က အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့နှင့် တပေါင်းတစည်းတည်းဖြစ်သော သက်သာလောနိတ်အသင်းတော်ထံသို့ ပို့လိုက်သော စာဖြစ်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
တိမောသေကို သင်တို့ထံသို့ စေလွှတ်လိုက်၏။ သူသည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောလျက် ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့နှင့် အတူဆောင်ရွက်သည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုဖြစ်၏။ သူ့ကိုစေလွှတ်ရခြင်းအကြောင်းအရင်းသည် သင်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေ၍ သင်တို့ကို တိုက်တွန်းနှိုးဆော်ရန် ဖြစ်၏။
သို့သော် တိမောသေသည် ယခု သင်တို့ထံက ပြန်ရောက်လာပြီး သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းအကြောင်း သတင်းကောင်းကို ယူဆောင်လာ၏။ သင်တို့သည် ကျွန်ုပ်တို့ကို သတိရတိုင်း ကြည်နူးမှုကို ခံစားရပြီး သင်တို့ကို ကျွန်ုပ်တို့တွေ့ဆုံလိုသကဲ့သို့ ကျွန်ုပ်တို့ကို သင်တို့တွေ့ဆုံလိုကြောင်း တိမောသေပြောပြ၏။