တမန်တော်ဝတ္ထု 15:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ထို့ကြောင့် ပေါလုနှင့် ဗာနဗသည် ထိုသူတို့နှင့် အပြင်းအထန်ဆွေးနွေးငြင်းခုံကြရ၏။ ထိုအခါ အသင်းသားများသည် ဤပြဿနာကို ဖြေရှင်းရန် ပေါလုနှင့် ဗာနဗတို့အား သူတို့အထဲမှလူအချို့နှင့်တကွ ဂျေရုဆလင်မြို့ရှိ တမန်တော်များ၊ အသင်းတော်အကြီးအကဲများထံ သွားရန် ဆုံးဖြတ်ကြ၏။ Ver CapítuloCommon Language Bible2 ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့နှင့် အပြင်းအထန်အငြင်းပွားကာ အချေအတင် ပြောဆိုကြ၏။ ထို့ကြောင့်အသင်းတော်သည်ဤ သို့အငြင်းပွားသည့်ကိစ္စနှင့်ပတ်သက်၍ တိုင်ပင် ဆွေးနွေးရန်ပေါလုနှင့်ဗာနဗတို့ကိုတပည့် တော်အချို့တို့နှင့်အတူ ယေရုရှလင်မြို့ရှိ အသင်းတော်လူကြီးများထံသို့စေလွှတ်ရန် ဆုံးဖြတ်ကြ၏။ Ver CapítuloGarrad Bible2 ပေါ လု နှင့် ဗာ န ဗ တို့ တစ် ဘက် ဆို ခဲ့ သူ တို့ တစ် ဘက် များ စွာ ဆွေး နွေး ငြင်း ခုန် ခြင်း ဖြစ် ပေါ် သ ဖြင့် ညီ အစ် ကို တို့ သည် ပေါ လု နှင့် ဗာ န ဗ ကို သူ တို့ အ နက် အ ချို့ ပါ ယေ ရု ရှ လင် မြို့ ရှိ တ မန် တော် များ ဥ က္က ဋ္ဌများ ထံ သွား ကြ စေ ရန် စီ မံ ကြ၏။ Ver CapítuloJudson Bible2 ထိုသူတို့နှင့် ပေါလု၊ ဗာနဗတို့သည် ဆွေးနွေးငြင်းခုံခြင်း များသောအခါ၊ ပေါလုနှင့် ဗာနဗတို့သည် အခြားသောတပည့်တော်အချို့ တို့နှင့်တကွ၊ ထိုပြဿနာ၏ အကြောင်းကြောင့် ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့် သင်းအုပ်တို့ထံသို့သွားရမည်အကြောင်းကို စီရင်ကြ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း2 ထိုအခါ ပေါလု၊ ဗာနဗတို့နှင့် ထိုသူတို့ကြား၌ ပြင်းထန်သောသဘောထားကွဲလွဲမှုနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ညီအစ်ကိုတို့သည် ပေါလု၊ ဗာနဗနှင့် မိမိတို့ထဲမှ လူအချို့တို့ကို ဤပြဿနာအတွက် ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့်အသင်းတော်အကြီးအကဲများထံသို့သွားကြရန် ခန့်အပ်ကြ၏။ Ver Capítulo |
ချစ်ရသောသူတို့… ကျွန်ုပ်တို့အားလုံး လက်ခံယုံကြည်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံ ရေးရန် ကျွန်ုပ်အလွန်စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူအပေါင်းတို့အား တစ်ကြိမ်တည်းနှင့်အပြီး ကိုယ်တော်ပေးအပ်တော်မူသောယုံကြည်ခြင်းတရားအတွက် ခုခံတိုက်ခိုက်ကြလော့ဟူ၍ သင်တို့အား စာရေးတိုက်တွန်းရန် လိုအပ်လာ၏။