တမန်တော်ဝတ္ထု 15:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း13 သူတို့ပြောဆိုကြပြီးနောက် ယာကုပ်က “ညီအစ်ကိုတို့… ကျွန်ုပ်စကားကို နားထောင်ကြလော့။ Ver CapítuloCommon Language Bible13 သူတို့ပြောဆိုပြီးသောအခါယာကုပ်က ``ညီအစ်ကိုတို့၊ ငါ့စကားကိုနားထောင် ကြပါ။- Ver CapítuloGarrad Bible13 အ ဆုံး ၌ ယာ ကုပ် က ညီ အစ် ကို တို့၊ ငါ့ စ ကား ကို ကြား နာ ကြ ကုန်၊ Ver CapítuloJudson Bible13 ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က၊ ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြလော့။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း13 သူတို့ပြောဆိုပြီးသောအခါ ယာကုပ်က “ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြပါ။ Ver Capítulo |
အစ္စရေးလူမျိုးတို့… နားထောင်ကြလော့။ သင်တို့ကိုယ်တိုင် သိကြသည့်အတိုင်း ဘုရားသခင်သည် အံ့ဖွယ်တန်ခိုး၊ အံ့ဖွယ်ဖြစ်ရပ်နှင့် နိမိတ်လက္ခဏာများကို နာဇရက်မြို့သား ယေရှုအားဖြင့် ပြတော်မူခဲ့ပြီ။ ဤအရာများအားဖြင့် ယေရှုသည် ဘုရားသခင်၏စေလွှတ်တော်မူခြင်းခံရသူ အမှန်တကယ်ဖြစ်ကြောင်းကို လူသိရှင်ကြား သက်သေပြတော်မူခဲ့ပြီ။
သူသည် ယာကုပ်စေလွှတ်လိုက်သောသူများ ရောက်မလာမီ လူမျိုးခြားတို့နှင့်အတူ စားသောက်လေ့ရှိ၏။ သို့သော် ထိုသူတို့ ရောက်လာသောအခါ လူမျိုးခြားတို့နှင့် မစားသောက်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူရန် လိုအပ်ကြောင်း အခိုင်အမာပြောဆိုသောသူတို့၏ ဝေဖန်မှုကို ကြောက်သောကြောင့်ဖြစ်၏။
အသင်းတော်၏ မဏ္ဍိုင်များကဲ့သို့ ဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့် ယောဟန်တို့က ကျွန်ုပ်အား ပေးထားသောကျေးဇူးတော်ကို သဘောပေါက်လျက် ကျွန်ုပ်တို့အားလုံးသည် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြောင်းကို ပြသောအားဖြင့် ဗာနဗနှင့် ကျွန်ုပ်ကို လက်ဆွဲနှုတ်ဆက်ကြ၏။ ကျွန်ုပ်တို့သည် လူမျိုးခြားထံသို့ သွားရောက်ဟောပြောရန်နှင့် သူတို့သည် ဂျူးလူမျိုးထံသို့ သွားရောက်ဟောပြောရန် သဘောတူကြ၏။