တမန်တော်ဝတ္ထု 13:48 - ခေတ်သစ်မြန်မာ သမ္မာကျမ်း48 ဤစကားကို လူမျိုးခြားများကြားကြသောအခါ ဝမ်းမြောက်၍ သခင်ဘုရား၏နှုတ်ကပတ်တရားတော်ကို ချီးမွမ်းကြ၏။ ထာဝရအသက်ရရန် ဘုရားသခင်ရွေးချယ်တော်မူသောသူရှိသမျှတို့သည် ယုံကြည်သက်ဝင်လာကြ၏။ Ver CapítuloCommon Language Bible48 လူမျိုးခြားတို့သည်ထိုစကားကိုကြားသော အခါ ရွှင်လန်းဝမ်းမြောက်ကာသခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကိုချီးမွမ်းပြောဆို ကြ၏။ ထာဝရအသက်ရရှိရန်ရွေးကောက် ခြင်းခံရသူတို့သည်ယုံကြည်သူများဖြစ် လာကြ၏။- Ver CapítuloGarrad Bible48 လူ မျိုး ခြား တို့ သည် ကြား သော် ဝမ်း မြောက် သ ဖြင့် အ ရှင် ဘု ရား၏ တ ရား တော် ကို ချီး မွမ်း လျက်၊ ထာ ဝ ရ အ သက် အ ဖို့ အ စီ အ မံ ခံ ရ သူ ရှိ သ မျှ ယုံ ကြည် ကြ၏။ Ver CapítuloJudson Bible48 ထိုစကားကို တစ်ပါးအမျိုးသားတို့သည် ကြားလျှင် ဝမ်းမြောက်၍ ထာဝရဘုရား၏ နှုတ်ကပတ်တရားတော်ကိုချီးမွမ်းကြ၏။ ထာဝရအသက်ကိုရစေခြင်းငှာ ခန့်ထားတော်မူသော သူရှိသမျှတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြသဖြင့်၊- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း48 လူမျိုးခြားတို့သည် ထိုစကားကိုကြားလျှင် ဝမ်းမြောက်လျက် သခင်ဘုရား၏နှုတ်ကပတ်တရားကို ချီးမွမ်းကြ၏။ ထာဝရအသက်ရရှိရန် သတ်မှတ်ထားခြင်းခံရသောသူရှိသမျှတို့သည်လည်း ယုံကြည်ကြ၏။ Ver Capítulo |
အကျွန်ုပ်သည် အမိန့်အာဏာအောက်တွင် ရှိသူဖြစ်ပြီး အကျွန်ုပ်၏လက်အောက်တွင်လည်း စစ်သားများရှိပါ၏။ အကျွန်ုပ်သည် တစ်ဦးအား ‘သွားလော့’ ဟု ပြောလျှင် သူသည်သွားရ၏။ အခြားတစ်ဦးအား ‘လာလော့’ ဟု ပြောလျှင် သူသည်လာရ၏။ အကျွန်ုပ်၏အစေခံအား ‘ဤအရာကို လုပ်ဆောင်လော့’ ဟု ပြောလျှင် သူသည် လုပ်ဆောင်ရပါ၏” ဟု လျှောက်စေ၏။
ထို့နောက် သူတို့သည် ပေါလုနှင့်တွေ့ဆုံရန် ရက်ချိန်းရွေးကြ၏။ ချိန်းသည့်နေ့ရောက်သော် သူတို့သည် လူပေါင်းများစွာနှင့်တကွ ပေါလုတည်းခိုရာနေရာသို့ရောက်လာကြ၏။ ပေါလုသည် နံနက်အချိန်မှ ညအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံလေ၏။ မောရှေ၏ပညတ်တရားနှင့် ပရောဖက်ကျမ်းများကိုလည်း ကိုးကား၍ ယေရှုအကြောင်းကို လက်ခံယုံကြည်လာရန် ကြိုးစားဟောပြောလေ၏။