মথি লিখিত সুসমাচার 1 - Marmaယေရှုခရစ်တော်၏ အမျိုးအနွယ် စာရင်း ( လုကာ ၃:၂၃-၃၈ ) 1 ယေရှုခရစ်တော်စာ ဒါဝိဒ်မင်း၏ အမျိုးအနွယ်သား ဖြစ်တေ အရာ ဒါဝိဒ်မင်းစာ အာဗြဟံ၏ အမျိုးအနွယ်သား ဖြစ်တေ။ 2-16 ယေရှုခရစ်တော်၏ အမျိုးအနွယ် စာရင်းစာ ဒေပိုင်၊ အာဗြဟံမာ သား ဣဇာက်၊ ဣဇာက်မာ သား ယာကုပ်၊ ယာကုပ်မာ သား ယုဒန သူ့မာ ညီအစ်ကိုရို့ ဖြစ်ကတ်တေ၊ ယုဒမာ သား ဖာရက်န ဇာရ၊ သူရို့မာ အမိစာ တာမာ ဖြစ်တေ၊ ဖာရက်မာ သား ဟေဇရုံ၊ ဟေဇရုံမာ သား အာရံ၊ အာရံမာ သား အမိနဒပ်၊ အမိနဒပ်မာ သား နာရှုန်၊ နာရှုန်မာ သား စာလမုန်၊ စာလမုန်မာ သား ဗောဇ၊ သူ့အမိစာ ရာခပ် ဖြစ်တေ၊ ဗောဇမာ သား သြဗက်၊ သူ့အမိစာ ရုသ ဖြစ်တေ၊ သြဗက်မာ သား ယေရှဲ၊ ယေရှဲမာ သား ဒါဝိဒ်မင်း ဖြစ်တေ၊ ဒါဝိဒ်မင်းမာ သား ရှောလမုန်၊ သူ့အမိစာ ဥရိယမယား မဆမ ဖြစ်တေ၊ ရှောလမုန်မာ သား ရောဗောင်၊ ရောဗောင်မာ သား အဘိယ၊ အဘိယမာ သား အာသ၊ အာသမာ သား ယောရှဖတ်၊ ယောရှဖတ်မာ သား ယောရံ၊ ယောရံမာ သား သြဇိ၊ သြဇိမာ သား ယောသံ၊ ယောသံမာ သား အာခတ်၊ အာခတ်မာ သား ဟေဇကိ၊ ဟေဇကိမာ သား မနာရှေ၊ မနာရှေမာ သား အာမုန်၊ အာမုန်မာ သား ယောရှိ၊ ယောရှိမာ သား ယေခေါနိန သူ့ညီအစ်ကိုရို့ ဖြစ်ကတ်တေ၊ (သူရို့စာ ဣသရေလလူမျိုးရို့ကို ဗာဗုလုန်မြို့တို့ ဖမ်းရို့ ယူလားလီရေခါ ဟိကတ်လီရေ)။ ယေခေါနိမာ သား ရှာလသေလ၊ (သူစာ ဣသရေလလူမျိုးရို့ကို ဗာဗုလုန်မြို့တို့ ဖမ်းရို့ ယူလားခပြီးရေနောက် မွီးဖွားလီရေ)။ ရှာလသေလမာ သား ဇေရုဗဗေလ၊ ဇေရုဗဗေလမာ သား အဗျုဒ်၊ အဗျုဒ်မာ သား ဧလျာကိမ်၊ ဧလျာကိမ်မာ သား အာဇော်၊ အာဇော်မာ သား ဇာဒုတ်၊ ဇာဒုတ်မာ သား အာခိမ်၊ အာခိမ်မာ သား ဧလုဒ်၊ ဧလုဒ်မာ သား ဧလာဇာ၊ ဧလာဇာမာ သား မဿန်၊ မဿန်မာ သား ယာကုပ်၊ ယာကုပ်မာ သား ယောသပ်၊ ယောသပ်စာ မာရိမာ လင် ဖြစ်တေ၊ မာရိစာ ခရစ်တော် ဟို့ ခေါ်စာ ယေရှုမာ အမိ ဖြစ်တေ။ 17 ယင်းပိုင် အာဗြဟံကနီရို့ ဒါဝိဒ်မင်း တိုင်အောင် တစ်ဆယ်နလေးဆက် ဖြစ်တေ။ ဒါဝိဒ်မင်းကနီရို့ ဣသရေလလူမျိုးရို့ကို ဗာဗုလုန်မြို့တို့ ဖမ်းယူလားစာ အချိန်တိုင်အောင် တစ်ဆယ်နလေးဆက် ဖြစ်တေ။ အရာ ဗာဗုလုန်မြို့တို့ ရောက်လားခစာအချိန်ကနီရို့ ခရစ်တော် တိုင်အောင် တစ်ဆယ်နလေးဆက် ဖြစ်တေ။ ယေရှုခရစ်တော်၏ မွီးဖွားခြင်း ( လုကာ ၂:၁-၇ ) 18 ယေရှုခရစ်တော်စာ ဒေပိုင် မွီးဖွားလာလီရေ။ ယေရှုမာ အမိ မာရိစာ ယောသပ်န နစပ်ဖို့စကား ဟိကတ်လီရေ၊ ယေကေလည်း သူရို့ အတူမနီခင်အယင်က သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးန မာရိမာ ကိုယ်ဝန်တည်လီရေ။ 19 မာရိမာ လင်ယောသပ်စာ သူတော်ကောင်း တစ်ယောက် ဟိလီရေ။ သူစာ မာရိကို လူရို့ ရှိက အရှက်ချဖို့ မလိုရေအတွက်န အထဲမာအထဲ ခွါဘိုက်လိုက်ဖို့ ကြည့်လီရေ။ 20 ယေကေလည်း ယောသပ် ယင်းပိုင် စဉ်းစားရို့ နီလီရေခါ အသျှင်၏ ဂေါင်းခင်နတ်သားတစ်ပါးစာ လာရို့ သူ့ကို အိပ်မက် ပီးလီရေ။ ယင်းဂေါင်းခင်နတ်သားစာ အိပ်မက်မာ သူ့ကို ပြောလီရေ၊ “ဒါဝိဒ်မင်း၏ အမျိုးအနွယ်သား ယောသပ်၊ နင် မာရိကို မယားအဖြစ် လက်ခံဖို့စာကို မကြောက်ကေ့! အကြောင်းကား သူ့အဝမ်းမာ တည်စာကိုယ်ဝန်စာ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးန တည်စာ ဖြစ်တေ။ 21 သူ့မာ သားယောက်ျား တစ်ယောက် မွီးဖွားလိမည်။ နင် ယင်းသားကို ယေရှု ဟို့ နာမည် မှည့်လီ၊ အကြောင်းကား သူစာ ကိုယ့်လူရို့ကို သူရို့အပြစ်က ကယ်တင်လိမည်။” 22 ဘုရားသတင်းပို့သူရို့ကနီရို့ အသျှင် ဟောပြောလီစာ စကားတော်တိ ပြည့်စုံဖို့အတွက် ဒေပိုင် ဖြစ်ပျက်လာလီရေ။ 23 ထာဝရဘုရားစာ ပြောလီရေ၊ “အပျိုမတစ်ယောက် ကိုယ်ဝန်တည်ရို့ သားယောက်ျား တစ်ယောက်ကို မွီးဖွားလိမည်။ ထိုသားကို ဧမာနွေလ ဟို့ ခေါ်ကတ်လိမည်။” ဧမာနွေလ အဓိပ္ပါယ်ကား ငါရို့နအတူ ထာဝရဘုရား ဟိရေ။ 24 ယောသပ်စာ အိပ်ရာက နိုးရို့ထရေခါ အသျှင်၏ ဂေါင်းခင်နတ်သား မှာခရေအတိုင်း လုပ်လီရေ။ သူစာ မာရိကို မယားအဖြစ် လက်ခံလီရေ။ 25 ယေကေလည်း သူစာ သားဦး မမွီးဖွားသကြား မာရိန မပေါင်းဖေါ်ဘိုင်း နီလီရေ။ သူစာ သား မွီးဖွားရေခါ ယေရှု ဟို့ နာမည် မှည့်လီရေ။ |
©2023 Wycliffe Bible Translators, Inc.
Wycliffe Bible Translators, Inc.