A Bíblia On-line

- Anúncios -



কলসীয় 1 - Marma


နှုတ်ဆက်ခြင်း

1-2 ငါ ပေါလု၊ ငါစာ ခရစ်တော်ယေရှု၏ တမန်တော် တစ်ယောက် ဖြစ်တေ။ ထာဝရဘုရားစာ ကိုယ့်အလိုတော်အတိုင်း ငါ့ကို တမန်တော်အရာမာ ခန့်ထားလီရေ။ ငါန ငါရို့မာ ညီဖြစ်သူ တိမောသေက ကောလောသဲမြို့မာဟိစာ နင်ရို့ ထာဝရဘုရား၏ လူရို့တို့ အရာ ခရစ်တော်န တစ်ကိုယ်တည်း ဖြစ်ကတ်စာ သစ္စာဟိစာ ညီအစ်ကိုမောင်နမှရို့တို့ ဒေ စာစောင်ကို ပို့လိုက်တေ။ ငါရို့မာ အဖထာဝရဘုရားစာ နင်ရို့ကို ကျေးဇူးတော်န ငြိမ်းချမ်းခြင်း ပီးပါစီ။


ထာဝရဘုရားကို ကျေးဇူးတင်ခြင်း

3-4 နင်ရို့ ခရစ်တော်ယေရှုကို ကျုံကတ်စာ အကြောင်းန ထာဝရဘုရား၏ ဟိသမျ လူရို့ကို နင်ရို့ ချစ်ခြင်းမေတ္တာ ထားကတ်စာ အကြောင်းကို ငါရို့ ကြားရကတ်ပျာ။ ယင်းအတွက်န ငါရို့ ဆုတောင်းတိုင်း နင်ရို့အတွက် အသျှင်ယေရှုခရစ်တော်၏ အဖထာဝရဘုရားကို ကျေးဇူးတင်နီကတ်တေ။

5 နင်ရို့မာ မျှော်လင်းချက် ဟိရေအတွက်န နင်ရို့စာ ခရစ်တော်ကို ကျုံရို့ ထာဝရဘုရား၏ လူရို့ကို ချစ်ကတ်တေ။ ထိုမျှော်လင်းချက်ကို ဂေါင်းခင်ဘုံမာ နင်ရို့အတွက် စုဆောင်းရို့ ဟိရေ။ နင်ရို့စာ မှန်ကန်ခြင်းတရားဆိုစာ သတင်းကောင်းကနီရို့ ထိုမျှော်လင်းချက် အကြောင်းကို ကြားဖူးကတ်ပျာ။

6 ထိုသတင်းကောင်းစာ ကမ္ဘာတစ်လုံးမာ ပြန့်ကျယ်ရို့ အသီးသီးနီရေ အရာ တစ်ရက်ထက် တစ်ရက် တိုးပွါးနီရေ။ ထိုသတင်းကောင်းကို ကြားရရေနိကပင် အရာ ထာဝရဘုရား၏ ကျေးဇူးတော် စကားကို အတိကျ သိရေနိကပင်စရို့ ထိုသတင်းကောင်းစာ နင်ရို့အထဲမာလည်း အသီးသီးနီရေ အရာ တိုးပွါးနီရေ။

7 ငါရို့မာ ချစ်ခင်စာ ဧပဖြစာ ထိုသတင်းကောင်းကို နင်ရို့ဘားမာ ဟောပြောလီရေ။ သူစာ ငါရို့နအတူ သာသနာပြုဖက်သား တစ်ယောက် ဖြစ်တေ အရာ သူစာ နင်ရို့အတွက် သစ္စာအပြည့်န ခရစ်တော်၏ ဝတ်ပြုသူတစ်ယောက် ဖြစ်တေ။

8 သန့်ရှင်းသောဝိညာဉ်တော်စာ နင်ရို့ စိတ်နှလုံးမာ ချစ်ခြင်းမေတ္တာ သွင်းပီးလီရေဆိုစာ အကြောင်းကိုလည်း ဧပဖြစာ ငါရို့ဘားမာ ပြောပြလီရေ။


ခရစ်တော်၏ ဘုန်းတန်ခိုးန ကယ်တင်ခြင်း အကြောင်း

9 ယင်းအတွက်န နင်ရို့ အကြောင်းကို ကြားရေနိကပင်စရို့ ငါရို့ နင်ရို့အတွက် အမြဲတိုင်း ထာဝရဘုရားဘားမာ ဆုတောင်းနီကတ်တေ။ ဝိညာဉ်၏ ညာဏ်ပညာကနီရို့ ထာဝရဘုရား၏ အလိုတော် ဇာလည်းဆိုစာကို နင်ရို့ အပြည့်အစုံ သိရကတ်ပတ်စီအတွက် ငါရို့ ဆုတောင်းနီကတ်စာ ဖြစ်တေ။

10 ယင်းပိုင်ဆိုကေ နင်ရို့စာ ကောင်းမြတ်စာ အလုပ်ကို လုပ်ရို့ အကျိုးကို ရကတ်လိမည် အရာ ထာဝရဘုရားကို အရာလည်း အများကြီး သိရကတ်လိမည်။ အရာ ယင်းပိုင် ဟိသမျ နေရာမာ အသျှင်ကို နှစ်သက်အောင် လုပ်ဖို့အတွက် ထိုက်တန်သူ ဖြစ်ကတ်လိမည်။

11-12 ထာဝရဘုရား ကိုယ့်မဟာတန်ခိုးန နင်ရို့ကို အားခွန်နပြည့်စုံအောင် လုပ်ပတ်စီအတွက်လည်း ငါရို့ ဆုတောင်းနီကတ်တေ။ ယင်းပိုင်ဆိုကေ နင်ရို့ အမြဲတိုင်း သည်းခံနိုင်ကတ်လိမည် အရာ စိတ်အပျော်န အဖထာဝရဘုရားကို ကျေးဇူးတင်ဖို့ နိုင်ကတ်လိမည်။ အလင်း၏ နိုင်ငံတော်မာ ကိုယ့်လူရို့ ခံရကတ်ဖို့စာ အမွီဥစ္စာကို ထာဝရဘုရားစာ နင်ရို့ကိုလည်း ခံရစီချင်ရေ။ ယင်းအတွက်န သူစာ နင်ရို့ကို အဆင်သင့် လုပ်ထားဗျာ၊

13 အကြောင်းကား သူစာ အမိုက်မှောင်နိုင်ငံက ငါရို့ကို ကယ်တင်ရို့ ကိုယ့်မာ အချစ်ဆုံး သားတော်၏ နိုင်ငံတော်တို့ ယူခဗျာ။

14 ငါရို့စာ ထိုသားတော်န တစ်ကိုယ်တည်း ဖြစ်ရို့ လွတ်မြောင့်ခြင်းကို ရကတ်ပျာ။ ယင်းအဓိပ္ပါယ်ကား ငါရို့စာ အပြစ် ခွင့်ရွှတ်ခြင်းကို ရကတ်ပျာ။

15 ထိုသားတော်စာ မျက်စိန မမြင်ရစာ ထာဝရဘုရား၏ ပုံသဏ္ဍာန် ဖြစ်တေ။ သူစာ သားဦး ဖြစ်တေအတွက်န ဖန်ဆင်းခြင်းကို ခံရစာ ဟိသမျ အားကုံးထက် ကြီးမြတ်တေ၊

16 အကြောင်းကား ဂေါင်းခင်ဘုံန ကမ္ဘာမာ ဖြစ်စီ၊ မျက်စိန မြင်ရစာန မမြင်ရစာ ဖြစ်စီ၊ ဟိသမျ အားကုံးကို ထာဝရဘုရား ကိုယ့်သားတော်ကနီရို့ ဖန်ဆင်းလီရေ။ အရာ ဂေါင်းခင်မာ ရာဇပလ္လင်ကို ဖြစ်စီ၊ တန်ခိုးအာဏာကို ဖြစ်စီ၊ အုပ်စိုးခြင်းကို ဖြစ်စီ အရာ ဘုန်းအာဏာကို ဖြစ်စီ၊ ထို ဟိသမျ အားကုံးကို သူစာ ကိုယ့်သားတော်ကနီရို့ ဖန်ဆင်းလီရေ။ အရာ ထာဝရဘုရားစာ ကိုယ့်သားတော်ကနီရို့ အရာ ကိုယ့်သားတော်အတွက် ထို ဟိသမျ အားကုံးကို ဖန်ဆင်းလီရေ။

17 သူစာ ဟိသမျ အားကုံးစာ မဖြစ်မပေါ်ခင် အယင်ကပင် ဟိလီရေ အရာ ထို ဟိသမျ အားကုံးစာ သူ့အကြောင်းနရာ တည်မြဲနီရေ။

18 သူစာ ကိုယ့်ခန္ဓာ၏ အဂေါင်း ဖြစ်တေ။ ထိုခန္ဓာစာ အသင်းတော် ဖြစ်တေ။ သူစာ ထာဝရဘုရား၏ သားဦးအနေန သီရာက ပြန်ရှင်ထမြောင့်ဖို့သူရို့အထဲမာ အားကုံးသူထက် အကြီးဆုံး ဖြစ်တေ။ သူစာ ဟိသမျ အားကုံးထက် အကြီးဆုံး ဖြစ်တေ။

19 ထာဝရဘုရားစာ ကိုယ့်မာ ဟိသမျ ပြည့်စုံခြင်းကို ခရစ်တော်အထဲမာ ဟိစီချင်လီရေ။

20 အရာ ထာဝရဘုရားစာ ကမ္ဘာမာ ဖြစ်စီ၊ ဂေါင်းခင်ဘုံမာ ဖြစ်စီ၊ ဟိသမျ အားကုံးကို ကိုယ်န ပြန်ရို့ ပေါင်းစီချင်လီရေ။ ယင်းအတွက်န ထာဝရဘုရားစာ ကားတိုင်မာ ခရစ်တော်၏ အသီခံခြင်းကနီရို့ ထို ဟိသမျ အားကုံးစာန ကိုယ့်အထဲမာ ရန်ကို ငြိမ်းချမ်းအောင် လုပ်လီရေ။

21 တစ်ချိန်ခါ နင်ရို့စာ ထာဝရဘုရားန အဝီး ဟိကတ်လီရေ အရာ နင်ရို့စာ ကိုယ်ရို့ လုပ်ကတ်စာ ဆိုးယုတ်စာ အလုပ်အကြောင်းန ထာဝရဘုရားန ရန်သူဖြစ်ရို့ ဟိကတ်လီရေ။

22 ယေကေလည်း ဒေဂု လူ့ဇာတိကို ခံယူသူ ခရစ်တော်၏ အသီခံခြင်းကနီရို့ ထာဝရဘုရားစာ နင်ရို့ကို ကိုယ်န ပေါင်းလီရေ၊ အကြောင်းကား သူစာ နင်ရို့ကို သန့်ရှင်းသူ၊ ပြည့်စုံသူ အရာ သူတော်ကောင်းအဖြစ် ကိုယ့်ရှိက ရပ်စီချင်ရေ။

23 ယေကေလည်း နင်ရို့စာ ခရစ်တော်၏ အကြောင်း သတင်းကောင်းက ရလီကတ်စာ မျှော်လင်းချက်ကို မစွန့်ရ။ ယင်းထက်ပင် နင်ရို့စာ ကိုယ်ရို့မာ ကျုံခြင်းတရားကို နနောင်းတည်းရို့ ထားကတ်ရဖို့။ ထိုသတင်းကောင်းစာ ကမ္ဘာတစ်လုံးမာ ပြန့်ကျယ်လားခဗျာ အရာ နင်ရို့လည်း ထိုသတင်းကောင်းကို ကြားဖူးကတ်ပျာ။ ငါ ပေါလု ကိုယ်တိုင် ထိုသတင်းကောင်းကို ဟောပြောသူ ဖြစ်ပျာ။


အသင်းတော်အတွက် ပေါလု လုပ်ကိုင်ခြင်း

24 နင်ရို့အတွက် ဒုက္ခကို ခံရရို့ ငါ စိတ်ပျော်ရေ။ ခရစ်တော်မာ ကိုယ့်ခန္ဓာဆိုစာ အသင်းတော်အတွက် ဒုက္ခ-ဝေဒနာကို ခံရဖို့စာ ဒေဂုလည်း ကျန်သိရေ။ ယင်းအတွက်န ငါ ခရစ်တော်တက်စား ထိုဒုက္ခ-ဝေဒနာတိကို ကိုယ့်ခန္ဓာမာ ပြည့်စုံအောင် လုပ်နီရေ။

25 ကိုယ့်စကားတော်ကို နင်ရို့ဘားမာ အပြည့်အစုံ ဟောပြောဖို့အတွက် ထာဝရဘုရား ငါ့ကို တာဝန် ပီးလီရေ။ ယင်းအတွက်န ငါစာ အသင်းတော်၏ ပြုဇုသူတစ်ယောက် ဖြစ်ပျာ။

26 ထာဝရဘုရား၏ စကားတော်မာ ဖုံးရွှက်စာ မှန်ကန်ခြင်း ဟိလီရေ။ ထာဝရဘုရားစာ ထိုဖုံးရွှက်စာ မှန်ကန်ခြင်းကို ခိုက်ဟောင်းက လူရို့ကို သိဖို့အခွင့် မပီးလီ။ ယေကေလည်း ထာဝရဘုရားစာ ဒေဂု ထိုဖုံးရွှက်စာ မှန်ကန်ခြင်းကို ကိုယ့်လူရို့ဘားမာ ဖေါ်ပြဗျာ။

27 ထာဝရဘုရားစာ ကိုယ့်မာ ဘုန်းကြီးစာ ဖုံးရွှက်စာ မှန်ကန်ခြင်း ဇာလည်းဆိုစာကို ယုဒမဟုတ်သူရို့ကိုလည်း သိစီချင်လီရေ။ ထိုမှန်ကန်ခြင်းစာ ဒေပိုင်၊ နင်ရို့ စိတ်နှလုံးထဲမာ ခရစ်တော် ကျိန်းဝပ်နီရေအတွက်န နင်ရို့စာ ဘုန်းတန်ခိုး ရဖို့စာ မျှော်လင်းချက်ကို ရကတ်ပျာ။

28 အရာ ငါရို့စာ ထိုခရစ်တော်၏ အကြောင်းကို ဟောပြောနီကတ်တေ။ ယင်းအဓိပ္ပါယ်ကား ထာဝရဘုရားပီးစာ ကြွယ်ဝချမ်းသာခြင်း၏ ညာဏ်ပညာန ငါရို့ လူတိုင်းကို သတိပီးနီကတ်တေ အရာ သွန်သင်ဆုံးမနီကတ်တေ။ ယင်းခါရာ ငါရို့စာ လူတိုင်းကို ခရစ်တော်ကနီရို့ အပြည့်အစုံ ခိုင်မာစာ ကျုံသူအဖြစ် ထာဝရဘုရားဘားမာ အပ်ဖို့အတွက် အဆင်သင့်လုပ်ဖို့ ရကတ်ဖို့။

29 ဒေ ရွယ်မှတ်ချက်အတွက် ငါ့အထဲမာ အလုပ်လုပ်နီစာ ထာဝရဘုရား၏ မဟာတန်ခိုးကို အသုံးပြုရို့ ငါ ကြိုးစားအားထုတ်ရို့ အလုပ်လုပ်နီရေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Siga-nos em:



Anúncios