১ যোহন 1 - Marmaလူကို အသက်ပီးစာ စကားတော် 1 ပထမဆုံးကပင် ဟိလီသူအကြောင်းကို ငါရို့ ရွီးလိုက်တေ။ ငါရို့ သူပြောစာ စကားကို ကြားဖူးလီကတ်တေ၊ ငါရို့ ကိုယ်တိုင် သူ့ကို မြင်ဖူးလီကတ်တေ၊ ငါရို့ သူ့ကို အလှပပျင်ရို့ ကြည့်လီကတ်တေ အရာ ကိုယ်ရို့အလက်န ကိုင်ရို့ ကြည့်လီကတ်တေ။ သူစာ စကားတော် ဖြစ်တေ အရာ ထိုစကားတော်စာ လူရို့ကို အသက် ပီးရေ။ 2 သူကိုယ်တိုင် ထာဝရအသက် ဟိလီရေ။ ထိုအသက်စာ အဖထာဝရဘုရားနအတူ ဟိလီရေ အရာ ထာဝရဘုရားစာ သူ့ကို ငါရို့ဘားမာ ဖေါ်ပြလီရေ။ ငါရို့ သူ့ကို မြင်ဖူးကတ်ပျာ။ ယင်းအတွက်န ငါရို့ ဒေဂု သူ့အကြောင်းကို နင်ရို့ဘားမာ သက်သီပီးနီကတ်တေ အရာ ဟောပြောနီကတ်တေ။ 3 ငါရို့ ဒေဂု မြင်ဖူးကတ်စာ အကြောင်းန ကြားဖူးကတ်စာ အကြောင်းတိကို နင်ရို့ဘားမာ ဟောပြောနီကတ်တေ၊ အကြောင်းကား နင်ရို့န ငါရို့အထဲမာ အလှပ ပေါင်းဖေါ်ဆက်ဆံခြင်း ဟိဖို့အတွက် ဖြစ်တေ။ ထိုပေါင်းဖေါ်ဆက်ဆံခြင်းစာ အဖ၊ သူ၏ သားတော် ယေရှုခရစ်တော် အရာ ငါရို့အထဲမာ ဖြစ်တေ။ 4 ငါရို့မာ ပျော်ပါးခြင်းန ပြည့်စုံပတ်စီအတွက် ငါရို့ ဒေ ဟိသမျ အကြောင်းတိကို ရွီးလိုက်စာ ဖြစ်တေ။ ထာဝရဘုရား၏ အလင်း 5 ယေရှုခရစ်တော်က ကြားရို့ နင်ရို့ဘားမာ ဟောပြောစာ စကားတိ ဖြစ်တေကား၊ ထာဝရဘုရားစာ အလင်း ဖြစ်တေ။ သူ့မာ အမိုက်မှောင်ဆိုစာ တစ်ခုလည်း မဟိ။ 6 ငါရို့စာ ထာဝရဘုရားန ပေါင်းဖေါ်ဆက်ဆံခြင်း ဟိရေ ဟို့ ပြောရို့ပင်လည်း အမိုက်မှောင်မာ နီထိုင်ရေဆိုကေ ငါရို့စာ မှန်ကန်စာလမ်းမာ လားကတ်သူ မဟုတ်၊ မုတ်သားစကား ပြောသူ ဖြစ်ကတ်တေ။ 7 ယေကေလည်း ထာဝရဘုရားစာ အလင်းမာ ကျိန်းဝပ်နီရေ။ ယင်းပိုင်တထန် ငါရို့လည်း အလင်းမာ နီထိုင်ကတ်တေဆိုကေ ငါရို့စာ တစ်ယောက်န တစ်ယောက် ပေါင်းဖေါ်ဆက်ဆံခြင်း ဟိရေ။ အရာ ထာဝရဘုရား၏ သားတော်ယေရှု၏ သွီးစာ ငါရို့ကို ဟိသမျ အပြစ်က စင်ကြယ်အောင် လုပ်တေ။ 8 ငါရို့မာ အပြစ် မဟိ ဟို့ ပြောရေဆိုကေ ငါရို့စာ ကိုယ်ရို့ကို လိမ်ရေ အရာ ငါရို့ စိတ်နှလုံးမာ ထာဝရဘုရား၏ မှန်ကန်ခြင်း မဟိ။ 9 ယေကေလည်း ငါရို့စာ ကိုယ်ရို့မာ အပြစ်တိကို ဝန်ခံရေဆိုကေ ထာဝရဘုရားစာ ငါရို့ အပြစ်တိကို ခွင့်ရွှတ်တေ အရာ ဟိသမျ ညစ်ညူးခြင်းက ငါရို့ကို စင်ကြယ်အောင် လုပ်တေ၊ အကြောင်းကား သူစာ သစ္စာဟိရေ အရာ ရိုးသားရေ။ 10 ငါရို့ အပြစ် မလုပ် ဟို့ ပြောရေဆိုကေ ငါရို့စာ ထာဝရဘုရားကို မုတ်သားစကား ပြောရေ ဆိုပြီးကေ အပြစ်တင်ကတ်တေ အရာ သူ၏ စကားတော်ကို ငြင်းပယ်ကတ်တေ။ |
©2023 Wycliffe Bible Translators, Inc.
Wycliffe Bible Translators, Inc.