Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 9:48 - Musselmani Burmese

48 တပည့်တော်တို့အား “မည်သူမဆို ဤကလေးငယ်ကို ငါ၏နာမ၌ လက်ခံသောသူသည် ငါ့ကိုလက်ခံခြင်းဖြစ်၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို လက်ခံသောသူဖြစ်၏။ အကြောင်းမူကား သင်တို့အားလုံးတွင် အငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးသောသူဖြစ်၏” ဟုမိန့်တော်မူလေ၏။

Onani mutuwo Koperani




Luke 9:48
23 Mawu Ofanana  

ထို့နောက် ကိုယ်တော်က တပည့်တော်တို့အား “တပည့်တော်တို့၊ သင်တို့၏စကားကို နားထောင်လက်ခံသောသူသည် ငါ့စကားကို နားထောင်လက်ခံသကဲ့သို့ပင်ဖြစ်၏။ သင်တို့ကို ငြင်းပယ်သောသူသည်ကား ငါ့ကို ငြင်းပယ်သူဖြစ်၏။ ငါ့ကိုငြင်းပယ်သောသူဆိုသည်ကား ငါ့ကိုစေလွှတ်တော်မူသော ဘုရားရှင်ကို ငြင်းပယ်သောသူဖြစ်၏” ဟုမိန့်တော်မူလေ၏။


အကြောင်းမူကား မိမိကိုယ်ကို ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကို နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရမည်” ဟုမိန့်တော်မူ၏။


သို့သော် သင်တို့အချင်းချင်းမူကား ထိုသူတို့ကဲ့သို့ မဖြစ်သင့်။ သင်တို့ထဲက ကြီးမြတ်သောသူသည် အသိမ်ငယ်ဆုံးသောသူကဲ့သို့ဖြစ်ရမည်။ ခေါင်းဆောင်သည်လည်း အစေခံကဲ့သို့ နှိမ့်ချ၍ နေထိုင်သင့်သည်။


သင်တို့သည် ငါ၏နိုင်ငံတော်တွင် ငါ၏စားပွဲ၌ စားသောက်ကြရကာ ပလ္လင်ပေါ်ထိုင်၍ အစ္စရေးမျိုးနွယ်စု တစ်ဆယ့်နှစ်စုကို အုပ်ချုပ်စိုးစံကြရလိမ့်မည်” ဟုမိန့်တော်မူ၏။


ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား မိန်းမတို့မှ မွေးဖွားလာသောသူတို့တွင် ယောဟန်ထက်ကြီးမြတ်သောသူမရှိ။ သို့သော်ငြား ဘုရားရှင်၏သာသနာတော်ထဲ၌ အရေးမပါဆုံးသောသူသည်ပင် သူ့ထက် ကြီးမြတ်ပေ၏” ဟုမိန့်တော်မူလေ၏။


Titsatireni:

Zotsatsa


Zotsatsa