Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 9:39 - Musselmani Burmese

39 သူ့ကို မကောင်းဆိုးဝါးသည် ပူးဝင်နှိပ်စက်နေသောကြောင့် သူသည် အလန့်တကြား အော်ဟစ်၍ တစ်ကိုယ်လုံး တုန်လှုပ်ကာ ပါးစပ်မှ အမြှုပ်များထွက်လာတတ်ပါ၏။ ထိုမကောင်းဆိုးဝါးသည် သူ့ကို ပင်ပန်းနာကျင်စေလျှက် သူ့အထဲမှလည်း ထွက်ခဲလှပါ၏။

Onani mutuwo Koperani




Luke 9:39
11 Mawu Ofanana  

ထိုအခါ ကိုယ်တော်က မကောင်းဆိုးဝါးအား ဆုံးမလျက် “တိတ်လော့၊ သူ့အထဲမှ ထွက်သွားလော့” ဟုအမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် မကောင်းဆိုးဝါးသည် ထိုလူအား လူများအလယ်တွင် မြေပြင်ပေါ်သို့ လှဲချလိုက်ပြီး မနာကျင်စေဘဲ ထွက်ခွာသွားလေ၏။


ထိုသို့လျှောက်ထားရခြင်းမှာ ကိုယ်တော်က မကောင်းဆိုးဝါးအား ထိုသူ့ထံမှထွက်လာခဲ့ရန် အမိန့်ပေးလိုက်သောကြောင့် ဖြစ်သည်။ ထိုသူအား မကောင်းဆိုးဝါးသည် ကြိမ်ဖန်များစွာ ဒုက္ခပေး၏။ ထိုသူ၏ခြေလက်တို့ကို သံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်ကာ စောင့်ကြပ်ထားသော်လည်း သူသည် သံကြိုးများကို ဖြတ်ပစ်ကာ လူသူကင်းဝေးရာအရပ်သို့ မကောင်းဆိုးဝါး၏ခေါ်ဆောင်ခြင်းကို ခံရလေ၏။


လူထုပရိသတ်ထဲမှ လူတစ်ဦးက “ကိုယ်တော်၊ အကျွန်ုပ်၏သားကို ကျန်းမာစေပါရန် အကျွန်ုပ်တောင်းပန်ပါ၏။ သူသည် အကျွန်ုပ်၏တစ်ဦးတည်းသောသားဖြစ်ပါ၏။


အကျွန်ုပ်သည်လည်း ကိုယ်တော်၏တပည့်တော်များအား ထိုမကောင်းဆိုးဝါးကို နှင်ထုတ်ပေးရန်တောင်းပန်သော်လည်း သူတို့သည် မတတ်နိုင်ကြပါ” ဟုလျှောက်ထားလေ၏။


Titsatireni:

Zotsatsa


Zotsatsa