Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 9:2 - Musselmani Burmese

2 ထို့နောက် ကိုယ်တော်သည် သူတို့အား ဘုရားရှင်၏သာသနာတော်အကြောင်းကို ဟောပြောရန်နှင့် နာမကျန်းသူများကို ကျန်းမာစေရန်အတွက် စေလွှတ်တော်မူလေ၏။

Onani mutuwo Koperani




Luke 9:2
14 Mawu Ofanana  

ထို့နောက် ကိုယ်တော်သည် အခြားသော တပည့်တော်ခုနစ်ဆယ်ဦးကို ရွေးချယ်ကာ နှစ်ယောက်တစ်တွဲစီတွဲ၍ ကိုယ်တော်ကြွတော်မူမည့် မြို့တိုင်း၊ ရွာတိုင်းသို့ ကြိုတင်စေလွှတ်တော်မူ၏။


ဘုရားရှင်သည် သင်တို့အား စီရင်မည့်အကြောင်းကို သင်တို့အား သတိပေးသည့်အနေဖြင့် ငါတို့ခြေတွင် ကပ်နေသည့် သင်တို့မြို့မှ မြေမှုန့်ကိုပင် ငါတို့ခါချခဲ့၏။ သို့သော်ငြား ဘုရားရှင်၏သာသနာတော်သည် ပေါ်ထွန်းလုနီးပြီဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့’ ဟုဆိုကြလော့။


ထိုမြို့ရှိ နာမကျန်းဖြစ်သူများကို ကျန်းမာစေ၍ ‘ဘုရားရှင်၏သာသနာတော်ပေါ်ထွန်းရန် အချိန်နီးကပ်လာပြီ’ ဟုသူတို့ကို ဟောပြောကြလော့။


မောရှေ၏ပညတ်ကျမ်းနှင့် အရိယာသူတော်စင်ကျမ်းများသည် ရေနှစ်မင်္ဂလာဆရာယောဟန်ပေါ်လာ၍ တရားတော်များမဟောပြောခင်အချိန်တိုင်အောင် သင်တို့အတွက် လိုက်နာရမည့်လမ်းစဉ်များအဖြစ် ရှိခဲ့ကြ၏။ သို့သော် ယခုယောဟန်ပေါ်လာပြီးသည့်နောက် ဘုရားရှင်၏သာသနာတော်နှင့်ဆိုင်သည့် မင်္ဂလာသတင်းကောင်းကို ဟောပြောသည့်အခါ လူအပေါင်းတို့သည်လည်း သာသနာတော်သို့ အတင်းတိုးဝင်ကြ၏။


ထိုအကြောင်းအရာကို ကြားသိကြသော များစွာသောလူတို့သည် ကိုယ်တော်၏နောက်တော်သို့ လိုက်လာခဲ့ကြလေ၏။ ကိုယ်တော်ကလည်း သူတို့အား ကြိုဆိုကာ ဘုရားရှင်၏သာသနာတော်အကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းဟောကြားပြီး နာမကျန်းသူတို့ကိုလည်း ကျန်းမာစေတော်မူ၏။


Titsatireni:

Zotsatsa


Zotsatsa