Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 8:35 - Musselmani Burmese

35 လူတို့သည်လည်း ထိုအဖြစ်အပျက်ကို ကြည့်ရှုရန် မြို့ထဲမှထွက်လာကြလေ၏။ သူတို့သည် အထံတော်သို့ ရောက်ကြသောအခါ မကောင်းဆိုးဝါး ဝင်ပူးခြင်းမှ လွတ်မြောက်သွားသူသည် အဝတ်အစားများ ဝတ်ဆင်လျှက် ကိုယ်တော်၏ခြေတော်ရင်းတွင် အကောင်းပကတိအတိုင်း ထိုင်လျှက်ရှိနေသည်ကို မြင်တွေ့ကြသောအခါ အံ့ဩတုန်လှုပ်သွားကြလေ၏။

Onani mutuwo Koperani




Luke 8:35
13 Mawu Ofanana  

သူမတွင် မာရိအမည်ရှိသော ညီမတစ်ဦးလည်းရှိ၏။ မာရိသည် ကိုယ်တော်၏ရှေ့တွင်ထိုင်၍ တရားတော်များကို နာကြားလျှက်နေလေ၏။


အဆုံး၌ သားငယ်သည် အသိတရားရ၍ ‘ငါ၏ဖခင်အိမ်၌ အလုပ်သမားမည်မျှပင် များနေစေကာမူ သူတို့သည် အစားအစာဝဝလင်လင်စားကြရ၏။ ငါမူကား ဤအရပ်၌ အစာငတ်လျက် သေရတော့မည်။


သုံးရက်ခန့်ကြာသော် သူတို့သည် ကလေးငယ်ယေရှုကို ဗိမာန်တော်၌ ဂျူးဘာသာရေးဆရာများအလယ်၌ ထိုင်နေသည်ကို တွေ့ရှိကြ၏။ သူသည် ထိုသူတို့ပြောဆိုသည်တို့ကို နားထောင်ကာ မေးခွန်းများ ပြန်၍မေးနေလေ၏။


ထိုနေရာသို့ရောက်၍ ကိုယ်တော်သည် ကမ်းပေါ်သို့တက်သောအခါ ထိုမြို့မှ မကောင်းဆိုးဝါးပူးကပ်နေသူတစ်ဦးသည် ကိုယ်တော့်အား လာရောက်တွေ့ဆုံလေ၏။ သူ့တွင် မကောင်းဆိုးဝါးပူးကပ်နေသည်မှာ အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်၍ သူသည် အိမ်၌လည်းမနေ၊ အဝတ်အစားလည်းမဝတ်ဘဲ သင်္ချိုင်းဂူများကြားတွင်သာ လှည့်လည်နေထိုင်လေ၏။


ထိုအခါ ဝက်ထိန်းသမားတို့သည် ဤအဖြစ်အပျက်ကို မြင်တွေ့ရသောအခါ ပြေးထွက်သွားကြပြီး ထိုသတင်းအား တောရောမြို့ပါမကျန် ပြောကြားလေတော့၏။


Titsatireni:

Zotsatsa


Zotsatsa