Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 8:24 - Musselmani Burmese

24 ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်အား လှုပ်နှိုးလိုက်ပြီး “ကိုယ်တော်၊ ကိုယ်တော်၊ အကျွန်ုပ်တို့ သေရပါတော့မည်” ဟုလျှောက်တင်ကြသဖြင့် ကိုယ်တော်သည် ထ၍ လေပြင်းမုန်တိုင်းနှင့် လှိုင်းလုံးကြီးများအား ရပ်တန့်သွားရန် အမိန့်ပေးလိုက်သည့်အခါ လေပြင်းမုန်တိုင်းနှင့် လှိုင်းလုံးကြီးများမှာ ငြိမ်သက်သွားလေတော့၏။

Onani mutuwo Koperani




Luke 8:24
19 Mawu Ofanana  

ထိုအခါ ကိုယ်တော်က မကောင်းဆိုးဝါးအား ဆုံးမလျက် “တိတ်လော့၊ သူ့အထဲမှ ထွက်သွားလော့” ဟုအမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် မကောင်းဆိုးဝါးသည် ထိုလူအား လူများအလယ်တွင် မြေပြင်ပေါ်သို့ လှဲချလိုက်ပြီး မနာကျင်စေဘဲ ထွက်ခွာသွားလေ၏။


ထို့ကြောင့် ကိုယ်တော်သည် သူမအနီးသို့ သွား၍ အဖျားရောဂါကို ပျောက်ကင်းစေရန် အမိန့်ပေးလိုက်သည်နှင့် သူမသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ သူတို့ကို ဧည့်ဝတ်ပြုလေ၏။


ရှိမုန်ကလည်း “ကိုယ်တော်၊ အကျွန်ုပ်တို့ တစ်ညလုံး ပင်ပင်ပန်းပန်း ကြိုးစား၍ ငါးဖမ်းခဲ့သော်လည်း ငါးတစ်ကောင်တစ်လေမှ မရခဲ့ပါ။ သို့ရာတွင် ကိုယ်တော်စေခိုင်းသည့်အတွက် အကျွန်ုပ် ငါးဖမ်းပိုက်ကို ထပ်၍ ချလိုက်ပါမည်” ဟုဖြေလေ၏။


ထို့နောက် ကိုယ်တော်က တပည့်တော်များအား “သင်တို့၏ယုံကြည်ခြင်းသည် အဘယ်မှာနည်း” ဟုမေးတော်မူလျှင် သူတို့သည် အံ့ဩတုန်လှုပ်ကြလျက် “ဤသူကား မည်သို့သောသူနည်း။ လှိုင်းလေများကပင် သူ့အမိန့်ကို နာခံကြပါသည်တကား” ဟူ၍ အချင်းချင်းပြောဆိုကြလေ၏။


Titsatireni:

Zotsatsa


Zotsatsa