18 ထိုသူတို့သည် ကိုယ်တော်၏ဟောပြောသွန်သင်ချက်များကို နာယူရန်နှင့် မိမိတို့၏အနာရောဂါများ ပျောက်ကင်းစေခြင်းကိုခံယူရန် လာရောက်ကြခြင်းဖြစ်၏။ မကောင်းဆိုးဝါး ပူးကပ်ခံနေရသူများသည်လည်း အကောင်းပကတိအတိုင်း ဖြစ်ကြလေ၏။
ထို့နောက် ကိုယ်တော်သည် သာဝကများနှင့်အတူ တောင်ပေါ်မှ ကြွဆင်းလာ၍ မြေပြန့်အရပ်တွင် ရပ်တော်မူလေ၏။ ထိုနေရာ၌ တပည့်တော်များစွာနှင့်အတူ ယုဒပြည်၊ ဂျေရုဆလင်မြို့၊ တုရုနှင့်ဇိဒုန်မြို့ ကမ်းနားတစ်လျှောက်လုံးရှိ မြို့များစွာတို့မှ လူထုပရိသတ်များစွာတို့သည်လည်း ရောက်ရှိနေကြ၏။
ကိုယ်တော်ထံမှ တန်ခိုးတော်များထွက်ပြီး အနာရောဂါအားလုံးကို ပျောက်ကင်းစေသောကြောင့် လူတိုင်းသည်လည်း ကိုယ်တော်ယေရှုအား တို့ထိနိုင်ရန် ကြိုးစားကြ၏။