Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 5:33 - Musselmani Burmese

33 ထို့နောက် လူအချို့ကလည်း ကိုယ်တော်ယေရှုအား “ရေနှစ်မင်္ဂလာဆရာယောဟန်နှင့် သူ၏တပည့်တို့သည် အစာရှောင်ဆုတောင်းခြင်းကို မကြာခဏပြုလုပ်လေ့ရှိကြ၏။ ဖာရိရှဲတို့၏တပည့်များသည်လည်း ထိုသို့ပင် ပြုလုပ်လေ့ရှိကြ၏။ သို့သော်ငြား ကိုယ်တော်၏နောက်လိုက်တပည့်တို့မှာမူကား စားလျက်သောက်လျက်နေကြပြီး အဘယ်ကြောင့် အခြားသူများကဲ့သို့ အစာမရှောင်ကြသနည်း” ဟုမေးခွန်းထုတ်ကြလေ၏။

Onani mutuwo Koperani




Luke 5:33
20 Mawu Ofanana  

တစ်နေ့သ၌ ကိုယ်တော်ယေရှုသည် တစ်နေရာ၌ ဝတ်ပြုဆုတောင်းလျက်နေတော်မူ၏။ ဝတ်ပြုဆုတောင်းပြီးသောအခါ တပည့်တော်တစ်ဦးက “ကိုယ်တော်၊ ရေနှစ်မင်္ဂလာဆရာယောဟန်သည် သူ၏တပည့်များကို သင်ပေးသကဲ့သို့ အကျွန်ုပ်တို့ကိုလည်း ဆုတောင်းရန်သင်ပေးတော်မူပါ” ဟုလျှောက်ထားလေ၏။


အကျွန်ုပ်သည် ရက်သတ္တပတ်တစ်ပတ်တွင် နှစ်ရက်တိုင်တိုင် အစာရှောင်ဆုတောင်းလျှက် အကျွန်ုပ်ရရှိသောဝင်ငွေ၏ဆယ်ပုံတစ်ပုံကိုလည်း ဗိမာန်တော်၌ လှူဒါန်းပါ၏’ ဟုဆုတောင်းလေ၏။


ယခု သူမသည် မုဆိုးမတစ်ဦးဖြစ်၍ အသက်မှာလည်း ရှစ်ဆယ့်လေးနှစ်ရှိပြီ ဖြစ်သောကြောင့် အိုမင်းလျှက်ရှိ၏။ သူမသည် ဗိမာန်တော်မှ အဘယ်သောအခါမျှ မခွာဘဲ ဘုရားဝတ်ပြုဆုတောင်းခြင်း၊ အစာရှောင်ဥပုသ်စောင့်ခြင်းတို့ကို နေ့ညမပြတ် ဆောင်ရွက်သူတစ်ဦးဖြစ်၏။


သူတို့သည် မုဆိုးမတို့၏အိမ်ကို အတင်းအဓမ္မသိမ်းယူတတ်ကြပြီး ဆုတောင်းရာ၌လည်း ဖြောင့်မတ်ဟန်ဆောင်၍ ရှည်လျားစွာ ဆုတောင်းတတ်ကြ၏။ ဘုရားရှင်သည် ထိုကဲ့သို့သောသူတို့ကို အခြားသောသူများထက် ပြင်းထန်စွာအပြစ်ပေးတော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။


ဤကဲ့သို့ပင် ငါသည်လည်း မိမိကိုယ်ကို ဖြောင့်မတ်မှန်ကန်သည်ဟု ထင်မှတ်နေသူများကို ဖိတ်ခေါ်ရန် လာသည်မဟုတ်။ ထိုအစား မိမိကိုယ်ကို အပြစ်သားဖြစ်သည်ကို သိသောသူတို့ကိုသာ ခေါ်ရန်လာခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။


ကိုယ်တော်ကလည်း “မင်္ဂလာပွဲသို့ လာသောဧည့်မိတ်ဆွေတို့သည် သတို့သားနှင့်အတူ ရှိနေသည့်အချိန်၌ အစာရှောင်ကြမည်လော။ မည်သူမျှ ရှောင်ကြမည်မဟုတ်။


Titsatireni:

Zotsatsa


Zotsatsa