Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 4:39 - Musselmani Burmese

39 ထို့ကြောင့် ကိုယ်တော်သည် သူမအနီးသို့ သွား၍ အဖျားရောဂါကို ပျောက်ကင်းစေရန် အမိန့်ပေးလိုက်သည်နှင့် သူမသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ သူတို့ကို ဧည့်ဝတ်ပြုလေ၏။

Onani mutuwo Koperani




Luke 4:39
7 Mawu Ofanana  

ထိုအခါ ကိုယ်တော်က မကောင်းဆိုးဝါးအား ဆုံးမလျက် “တိတ်လော့၊ သူ့အထဲမှ ထွက်သွားလော့” ဟုအမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် မကောင်းဆိုးဝါးသည် ထိုလူအား လူများအလယ်တွင် မြေပြင်ပေါ်သို့ လှဲချလိုက်ပြီး မနာကျင်စေဘဲ ထွက်ခွာသွားလေ၏။


မကောင်းဆိုးဝါးတို့သည်လည်း လူနာများထံမှ ထွက်လာကြပြီး “အသင်သည် ဘုရားရှင်၏သားတော်ဖြစ်တော်မူ၏” ဟုအော်ဟစ်ကြ၏။ ကိုယ်တော်ယေရှုသည် ကယ်တင်ရှင်မေရှိယဖြစ်သည်ကို ထိုမကောင်းဆိုးဝါးတို့သိကြသောကြောင့် ကိုယ်တော်က သူတို့ကို ဆုံးမ၍ စကားပြောဆိုခွင့်ပေးတော်မမူ။


ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်အား လှုပ်နှိုးလိုက်ပြီး “ကိုယ်တော်၊ ကိုယ်တော်၊ အကျွန်ုပ်တို့ သေရပါတော့မည်” ဟုလျှောက်တင်ကြသဖြင့် ကိုယ်တော်သည် ထ၍ လေပြင်းမုန်တိုင်းနှင့် လှိုင်းလုံးကြီးများအား ရပ်တန့်သွားရန် အမိန့်ပေးလိုက်သည့်အခါ လေပြင်းမုန်တိုင်းနှင့် လှိုင်းလုံးကြီးများမှာ ငြိမ်သက်သွားလေတော့၏။


Titsatireni:

Zotsatsa


Zotsatsa