Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 4:1 - Musselmani Burmese

1 ထို့နောက် ကိုယ်တော်ယေရှုသည် ဉာဏ်အလင်းတော်နှင့်အတူရှိတော်မူလျှက် ဂျော်ဒန်မြစ်မှ ပြန်လာပြီး ဉာဏ်အလင်းတော်၏ဦးဆောင်မှုဖြင့် တောကန္တာရထဲသို့ ကြွတော်မူ၏။

Onani mutuwo Koperani




Luke 4:1
19 Mawu Ofanana  

ထို့နောက် မာရိနှင့် ယောသပ်တို့သည်လည်း ပညတ်တော်အရ ဆက်ကပ်ပူဇော်ခြင်းအမှုကိုပြုရန် ဗိမာန်တော်ထဲသို့ ကလေးငယ်ယေရှုကို ခေါ်ဆောင်လာသည့်အချိန်၌ ရှုမောင်သည်လည်း ဉာဏ်အလင်းတော်၏ဦးဆောင်မှုဖြင့် ဗိမာန်တော်အတွင်းသို့ ဝင်ရောက်လာလေ၏။


ထို့ကြောင့် ယောဟန်သည် ဂျော်ဒန်မြစ်ဝှမ်းတလျှောက်လုံးသို့ လှည့်လည်သွားလာ၍ လူတို့အား သူတို့၏အပြစ်ဒုစရိုက်များကို ခွင့်လွှတ်ခြင်းရကြရန်အတွက် နောင်တသံဝေဂရကာ ရေနှစ်မင်္ဂလာခံယူကြရန်အကြောင်းကို လိုက်လံ၍ ဟောပြောနေခဲ့လေ၏။


ကာဣနန်သည် ဧနုတ်၏သား၊ ဧနုတ်သည် ရှေသ၏သား၊ ရှေသသည် အာဒံ၏သားဖြစ်ပြီး၊ အာဒံသည် ဘုရားရှင်ဖန်ဆင်းတော်မူသောသူဖြစ်လေ၏။


ထို့နောက် ကိုယ်တော်ယေရှုသည် ဉာဏ်အလင်းတော်၏ဦးဆောင်မှုဖြင့် ဂါလိလဲပြည်သို့ ပြန်လည်ကြွတော်မူ၏။ သူ၏ဂုဏ်သတင်းတို့သည်လည်း အရပ်ဒေသအနှံ့ ပျံ့လွင့်လျှက်ရှိလေ၏။


“ဉာဏ်အလင်းတော်သည် ငါနှင့်အတူ ရှိနေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် ဆင်းရဲသားများအတွက် မင်္ဂလာသတင်းကောင်းကို ဟောကြားရန်အလို့ငှာ ဘုရားရှင်က ငါ့ကို ရွေးကောက်ထားတော်မူ၍ အကျဉ်းကျနေသူများ လွတ်မြောက်ခြင်းရရန်၊ မျက်စိကွယ်သူများ မြင်စေရန်၊ ဒုက္ခဆင်းရဲခံစားနေရသူများကို လွတ်မြောက်ရာသို့ပို့ဆောင်ရန်နှင့်


Titsatireni:

Zotsatsa


Zotsatsa