Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 20:24 - Musselmani Burmese

24 သူတို့အား “ငါ့အား ဒေနာရီဒင်္ဂါးတစ်ပြားကို ပြကြလော့။ ထိုဒင်္ဂါးပြား၌ မည်သူ၏ရုပ်ပုံနှင့် အမည်ပါရှိသနည်း” ဟုမေးတော်မူ၏။ ထိုသူတို့ကလည်း “ရောမဧကရာဇ်၏ရုပ်ပုံနှင့် အမည်ပါရှိပါ၏” ဟုဖြေဆိုကြ၏။

Onani mutuwo Koperani




Luke 20:24
14 Mawu Ofanana  

ထိုအချိန်ကာလတွင် ရောမဧကရာဇ် ဩဂုတ္တုသည် ရောမအင်ပါယာ အုပ်စိုးမှုအောက်တွင် နေထိုင်သူတိုင်းကို သန်းခေါင်စာရင်း ကောက်ခံရမည်ဟု အမိန့်ထုတ်ပြန်လေ၏။


ထို့ကြောင့် ရောမဧကရာဇ်ကို အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီပါသလော သို့မဟုတ် မညီညွတ်ပါသလောဆိုသည်ကို အကျွန်ုပ်တို့အား ပြောပြပါလော့” ဟုလျှောက်တင်ကြ၏။


ထိုအခါ ကိုယ်တော်သည် သူတို့၏ပရိယာယ်ကို သိတော်မူသဖြင့်


ထိုအခါ ကိုယ်တော်က “ဧကရာဇ်နှင့်သက်ဆိုင်သည့်အရာတို့ကို ဧကရာဇ်အား ပေးကြလော့။ ဘုရားရှင်နှင့် သက်ဆိုင်သောအရာတို့ကိုလည်း ဘုရားရှင်ကို ဆက်သကြလော့” ဟုမိန့်တော်မူ၏။


“ဤသူသည် တိုင်းသူပြည်သားများအား မိမိသည် မေရှိယအမည်တွင်သော ဘုရင်တစ်ပါးဖြစ်ကြောင်း လှည့်ဖြားပြောဆို၍ ဧကရာဇ်မင်းကိုအခွန်မဆက်သရန် တားမြစ်ပိတ်ပင်နေကြောင်း အကျွန်ုပ်တို့ တွေ့ခဲ့ရပါသည်” ဟုပိလတ်၏ရှေ့မှောက်၌ ကိုယ်တော်အား စွပ်စွဲပြောဆိုကြလေ၏။


ရောမဧကရာဇ်တိဗေရိ၏နန်းသက် တစ်ဆယ့်ငါးနှစ်ရှိချိန်၌ ပုန္တိပိလတ်သည် ယုဒပြည်၏ဘုရင်ခံဖြစ်ပြီး၊ ဟေရုဒ်အန္တိပသည် ဂါလိလဲပြည်ကို အုပ်ချုပ်သူဖြစ်၏။ ဟေရုဒ်အန္တိပ၏ညီ ဖိလိပ္ပုသည် ဣတုရဲပြည်နှင့် တရာခေါနိတ်ပြည်တို့ကိုလည်းကောင်း၊ လုသာနိသည် အဘိလင်ပြည်ကိုလည်းကောင်း အုပ်ချုပ်သူများဖြစ်ကြပြီး


Titsatireni:

Zotsatsa


Zotsatsa