Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 2:27 - Musselmani Burmese

27 ထို့နောက် မာရိနှင့် ယောသပ်တို့သည်လည်း ပညတ်တော်အရ ဆက်ကပ်ပူဇော်ခြင်းအမှုကိုပြုရန် ဗိမာန်တော်ထဲသို့ ကလေးငယ်ယေရှုကို ခေါ်ဆောင်လာသည့်အချိန်၌ ရှုမောင်သည်လည်း ဉာဏ်အလင်းတော်၏ဦးဆောင်မှုဖြင့် ဗိမာန်တော်အတွင်းသို့ ဝင်ရောက်လာလေ၏။

Onani mutuwo Koperani




Luke 2:27
15 Mawu Ofanana  

ထို့နောက် မောရှေ၏ပညတ်ကျမ်းတွင် ဖော်ပြထားသည့်အတိုင်း သန့်စင်ခြင်းမင်္ဂလာoကို ဆောင်ရွက်ရသော နေ့ရက်များပြီးသောအခါ မာရိနှင့် ယောသပ်တို့သည် ကလေးငယ်ယေရှုကို ဘုရားရှင်ထံတော်၌ ဆက်ကပ်ရန် ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာကြ၏။


ထိုအခါ ရှုမောင်သည် ကလေးငယ်ယေရှုကို သူ၏လက်ထဲ၌ ပွေ့ချီ၍ ဘုရားရှင်၏ဂုဏ်တော်ကို ဤသို့ချီးမွမ်းလေ၏။


နှစ်စဉ်နှစ်တိုင်း မာရိနှင့် ယောသပ်တို့သည် ပသခါပွဲတော်ဆင်နွှဲရန်အတွက် ဂျေရုဆလင်မြို့သို့ သွားလေ့ရှိကြ၏။


မာရိနှင့် ယောသပ်တို့သည်လည်း ကလေးငယ်ယေရှုအား တွေ့သောအခါ အံ့ဩကြလျှက် မာရိက “သား၊ ငါတို့အပေါ် အဘယ်ကြောင့် ဤသို့ပြုရသနည်း။ ငါတို့သည် စိုးရိမ်ပူပန်စွာဖြင့် သင့်ကိုရှာဖွေခဲ့ရ၏” ဟုဆိုလေ၏။


ထိုနောက် ကလေးငယ်ယေရှုသည် မာရိနှင့် ယောသပ်တို့နှင့်အတူ နာဇရက်မြို့သို့ ပြန်ကြပြီး သူတို့စကားကို နာခံလျက်နေတော်မူ၏။ သို့သော် သူ၏မိခင်သည် ဤအကြောင်းအရာ အလုံးစုံတို့ကို သူမ၏စိတ်နှလုံး၌ တွေးတော၍နေလေ၏။


ထို့နောက် ကိုယ်တော်ယေရှုသည် ဉာဏ်အလင်းတော်နှင့်အတူရှိတော်မူလျှက် ဂျော်ဒန်မြစ်မှ ပြန်လာပြီး ဉာဏ်အလင်းတော်၏ဦးဆောင်မှုဖြင့် တောကန္တာရထဲသို့ ကြွတော်မူ၏။


Titsatireni:

Zotsatsa


Zotsatsa