Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 19:9 - Musselmani Burmese

9 ကိုယ်တော်က ဇက္ခဲအား “သင်သည်လည်း အာဗြဟံ၏မျိုးဆက်ဖြစ်သည့်အတွက် ယနေ့မှစ၍ သင်နှင့်သင့်မိသားစုအားလုံးကို ဘုရားရှင်ကယ်မတော်မူပြီ။

Onani mutuwo Koperani




Luke 19:9
15 Mawu Ofanana  

ဤသို့ဆိုလျှင် တစ်ဆယ့်ရှစ်နှစ်ကြာ မကောင်းဆိုးဝါးပြုစားခံထားရသည့် အာဗြဟံ၏သမီးဖြစ်သော ဤအမျိုးသမီးကိုလည်း ဥပုသ်နေ့၌ လွတ်မြောက်ခွင့်ပေးသင့်သည်မဟုတ်လော” ဟုမိန့်တော်မူ၏။


ယခုအချိန်၌ နောက်ဆုံးဖြစ်နေသောသူတို့သည် ရှေ့ဆုံးသို့ ရောက်ကြပြီး ယခုအချိန်၌ ရှေ့ဆုံးရောက်နေသူတို့သည် နောက်ဆုံးသို့ရောက်ကြရလိမ့်မည်” ဟုမိန့်တော်မူ၏။


ထိုအခါ သူသည် အော်ဟစ်ငိုကြွေးလျက် ‘အဖအာဗြဟံ၊ အကျွန်ုပ်ကို သနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံထဲတွင် ဝေဒနာပြင်းစွာခံစားနေရသည့်အတွက် လာဇရု၏လက်ညှိုးကို ရေဆွတ်၍ အကျွန်ုပ်၏လျှာကို အေးစေဖို့ရန် သူ့ကို စေလွှတ်ပေးတော်မူပါ’ ဟုဆိုလေ၏။


သူဌေးက ‘အဖအာဗြဟံ၊ ဤမျှနှင့် မလုံလောက်ပါ။ သေသောသူတို့ထဲမှ တစ်စုံတစ်ဦးသည် သူတို့ထံသွား၍ ပြောပြမှသာ သူတို့သည် နောင်တသံဝေဂရကြပါလိမ့်မည်’ ဟုဆိုလေ၏။


အကြောင်းမူကား လူအများကိုကယ်တင်ရန်အတွက် သင်စေလွှတ်တော်မူသော အရှင်ကို ကျွန်ုပ်မျက်မြင်ကြုံတွေ့ရပြီ ဖြစ်၏။


ထို့ကြောင့် သင်တို့၏အပြစ်ဒုစရိုက်များမှ နောင်တသံဝေဂရပြီဆိုသည်ကို အလုပ်အားဖြင့် သက်သေပြကြလော့။ သင်တို့ကိုယ်သင်တို့ အာဗြဟံ၏မျိုးဆက်ဖြစ်သည်ဟူ၍ မဆိုကြနှင့်။ အကြောင်းမူကား၊ ဘုရားရှင်သည် သင်တို့နေရာ၌ အစားထိုးရန် ဤကျောက်ခဲများကိုပင် အာဗြဟံ၏မျိုးဆက်များအဖြစ် ဖန်ဆင်းလိုက်နိုင်သည်ဟု သင်တို့အား ငါဆိုမည်။


Titsatireni:

Zotsatsa


Zotsatsa