Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 19:8 - Musselmani Burmese

8 ထို့နောက် ဇက္ခဲသည် မတ်တပ်ရပ်လျှက် ကိုယ်တော်အား “ကိုယ်တော်၊ ကိုယ်တော်၊ အကျွန်ုပ်၏ပစ္စည်းဥစ္စာတစ်ဝက်ကို ဆင်းရဲနွမ်းပါးသည့်သူတို့အား ခွဲဝေပေးပါမည်။ လူတို့ထံမှ မတရားတောင်းခံထားမိခဲ့သောအခွန်ငွေတို့ကိုလည်း လေးဆပို၍ ပြန်အမ်းလိုက်ပါမည်” ဟုလျှောက်တင်လေ၏။

Onani mutuwo Koperani




Luke 19:8
22 Mawu Ofanana  

သို့ဖြစ်၍ သင်တို့၌ရှိသောအရာတို့ကို ဆင်းရဲနွမ်းပါးသူတို့အား နှလုံးသားအတွင်းမှနေ၍ အပြည့်အဝပေးကမ်းကြလော့။ သို့ပြုလျှင် သင်တို့သည် အမှန်စင်စစ် ဘုရားရှင်၏ရှေ့တော်၌စင်ကြယ်ကြလိမ့်မည်။


သင်တို့၏ဥစ္စာပစ္စည်းများကို ရောင်းချ၍ ပေးကမ်းစွန့်ကြဲကြလော့။ မဆွေးမဟောင်းနိုင်သော အိတ်တို့ကိုပြုလုပ်၍ သူခိုးမရောက်နိုင်၊ ပိုးမွှားတို့ မဖျက်ဆီးနိုင်သော ရွှေမြို့တော်ရှိ ဘဏ္ဍာတိုက်၌ သိမ်းဆည်းကြလော့။


တဖန် ကိုယ်တော်က တပည့်တော်များအား မိန့်ဆိုသည်မှာ “သင်တို့အား ငါဆိုသည်ကား မတရားမှုမကင်းသော လောကီစည်းစိမ်တို့ကို အသုံးပြု၍ မိမိတို့အတွက် မိတ်ဆွေများရအောင်ပြုကြလော့။ သို့ပြုလျှင် ထိုစည်းစိမ်များ ကုန်ခမ်း၍ သင်တို့သေဆုံးသောအခါ၌ ဘုရားရှင်နှင့်နတ်ဒေဝါတို့က သင်တို့ကို နိစ္စထာဝရအိမ်တော်တွင် ကြိုဆိုနေကြလိမ့်မည်။


ထိုအခြင်းအရာကို မြင်သောသူအပေါင်းတို့က “ကိုယ်တော်သည် အပြစ်ဒုစရိုက်သမား၏အိမ်ကို သွား၍ သူနှင့်အတူ စားသောက်ဦးမည်တကား” ဟူ၍ ကဲ့ရဲ့ပြစ်တင်ကြလေ၏။


ကိုယ်တော်သည် ထိုမုဆိုးမကို မြင်သောအခါ သူမအား အလွန်သနားကရုဏာသက်ဝင်၍ “မငိုနှင့်” ဟုမိန့်တော်မူ၏။


ကိုယ်တော်ထံသို့ စေလွှတ်၍ “ကိုယ်တော်သည် အကျွန်ုပ်တို့မျှော်လင့်စောင့်စားနေရသည့် မေရှိယအရှင်ဟုတ်သလော၊ သို့မဟုတ် အကျွန်ုပ်တို့ အခြားသူတစ်ပါးကို စောင့်ရဦးမည်လော” ဟုမေးမြန်းလျှောက်တင်စေလေ၏။


Titsatireni:

Zotsatsa


Zotsatsa