Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 18:7 - Musselmani Burmese

7 ဤကဲ့သို့ ဆိုးညစ်သည့်တရားသူကြီးပင်လျှင် သူ့အား အထပ်ထပ်အခါခါတောင်းလျှောက်သောသူကို သက်ညှာလျှင် ဘုရားရှင်သည်ကား မိမိထံ နေ့ညမပြတ်ဆုတောင်းသည့်သူတို့အား ဖြည့်ဆည်းမပေးဘဲ ကြာရှည်စွာဆိုင်းငံ့ထားတော်မူမည်ဟု ထင်ကြသလော။

Onani mutuwo Koperani




Luke 18:7
31 Mawu Ofanana  

ထို့ကြောင့် သင်တို့သည် မကောင်းသောသူများဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာများကိုသာ ပေးရမည်ကိုသိကြလျှင် ရွှေမြို့တော်ရှိ အဖဘုရားရှင်သည် မိမိထံတောင်းလျှောက်သောသူများအား ဉာဏ်အလင်းတော်ကို သာ၍ပင်ပေးတော်မူလိမ့်မည်မဟုတ်လော” ဟုမိန့်တော်မူ၏။


ယခု သူမသည် မုဆိုးမတစ်ဦးဖြစ်၍ အသက်မှာလည်း ရှစ်ဆယ့်လေးနှစ်ရှိပြီ ဖြစ်သောကြောင့် အိုမင်းလျှက်ရှိ၏။ သူမသည် ဗိမာန်တော်မှ အဘယ်သောအခါမျှ မခွာဘဲ ဘုရားဝတ်ပြုဆုတောင်းခြင်း၊ အစာရှောင်ဥပုသ်စောင့်ခြင်းတို့ကို နေ့ညမပြတ် ဆောင်ရွက်သူတစ်ဦးဖြစ်၏။


ထို့ကြောင့် ဤကဲ့သို့ဆိုးရွားသောနိမိတ်လက္ခဏာများ စတင်ဖြစ်ပေါ်လာသည့်အချိန်၌ သင်တို့သည် သံသရာဝဋ်ဆင်းရဲမှနေ၍ လွတ်မြောက်စေခြင်းကို ရတော့မည်ဖြစ်သဖြင့် မားမားမတ်မတ်ရပ်၍ ခေါင်းကို မော့ထားကြလော့” ဟုမိန့်တော်မူ၏။


Titsatireni:

Zotsatsa


Zotsatsa