Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 16:9 - Musselmani Burmese

9 တဖန် ကိုယ်တော်က တပည့်တော်များအား မိန့်ဆိုသည်မှာ “သင်တို့အား ငါဆိုသည်ကား မတရားမှုမကင်းသော လောကီစည်းစိမ်တို့ကို အသုံးပြု၍ မိမိတို့အတွက် မိတ်ဆွေများရအောင်ပြုကြလော့။ သို့ပြုလျှင် ထိုစည်းစိမ်များ ကုန်ခမ်း၍ သင်တို့သေဆုံးသောအခါ၌ ဘုရားရှင်နှင့်နတ်ဒေဝါတို့က သင်တို့ကို နိစ္စထာဝရအိမ်တော်တွင် ကြိုဆိုနေကြလိမ့်မည်။

Onani mutuwo Koperani




Luke 16:9
28 Mawu Ofanana  

သို့ဖြစ်၍ သင်တို့၌ရှိသောအရာတို့ကို ဆင်းရဲနွမ်းပါးသူတို့အား နှလုံးသားအတွင်းမှနေ၍ အပြည့်အဝပေးကမ်းကြလော့။ သို့ပြုလျှင် သင်တို့သည် အမှန်စင်စစ် ဘုရားရှင်၏ရှေ့တော်၌စင်ကြယ်ကြလိမ့်မည်။


သင်တို့၏ဥစ္စာပစ္စည်းများကို ရောင်းချ၍ ပေးကမ်းစွန့်ကြဲကြလော့။ မဆွေးမဟောင်းနိုင်သော အိတ်တို့ကိုပြုလုပ်၍ သူခိုးမရောက်နိုင်၊ ပိုးမွှားတို့ မဖျက်ဆီးနိုင်သော ရွှေမြို့တော်ရှိ ဘဏ္ဍာတိုက်၌ သိမ်းဆည်းကြလော့။


ထိုသူတို့သည် သင့်ကိုပြန်၍ကျေးဇူးမတုံ့ပြန်နိုင်ကြသဖြင့် သင်သည် မင်္ဂလာရှိပေလိမ့်မည်။ ဖြောင့်မတ်သောသူတို့ သေရာမှပြန်ရှင်သန်သည့်အချိန်၌ ဘုရားရှင်သည် သင့်အား ကောင်းကျိုးချမ်းသာအဖြာဖြာနှင့် ပြည့်စုံစေလိမ့်မည်” ဟုမိန့်တော်မူ၏။


သို့ဖြစ်၍ သင်တို့သည် မဖြောင့်မတ်သော ဤလောကီစည်းစိမ်တို့၌ပင် သစ္စာမရှိကြလျှင် မည်သူက စစ်မှန်သောစည်းစိမ်ကို သင်တို့ထံအပ်နှံမည်နည်း။


မည်သည့်အစေခံမျှ သခင်နှစ်ဦးကို တစ်ပြိုင်တည်းသစ္စာမခံနိုင်ပေ။ သူသည် တစ်ဦးကိုမုန်း၍ တစ်ဦးကို မေတ္တာထားလိမ့်မည်။ တစ်ဦးကို သစ္စာစောင့်သိလျှင် အခြားတစ်ဦးကို မထီမဲ့မြင်ပြုလိမ့်မည်။ ထိုနည်းတူ သင်တို့သည်လည်း ဘုရားရှင်နှင့် လောကီစည်းစိမ်တို့ကို တစ်ပြိုင်တည်း သစ္စာမခံနိုင်” ဟုမိန့်တော်မူ၏။


ဤအလုပ်မှထုတ်ပယ်ခံရပြီးလျှင် လူတို့သည် သူတို့၏အိမ်၌ ငါ့ကို လက်ခံကြစေရန် မည်သို့ပြုရမည်ကို ငါသိပြီ’ ဟုတွေးတောလေ၏။


Titsatireni:

Zotsatsa


Zotsatsa