Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 16:16 - Musselmani Burmese

16 မောရှေ၏ပညတ်ကျမ်းနှင့် အရိယာသူတော်စင်ကျမ်းများသည် ရေနှစ်မင်္ဂလာဆရာယောဟန်ပေါ်လာ၍ တရားတော်များမဟောပြောခင်အချိန်တိုင်အောင် သင်တို့အတွက် လိုက်နာရမည့်လမ်းစဉ်များအဖြစ် ရှိခဲ့ကြ၏။ သို့သော် ယခုယောဟန်ပေါ်လာပြီးသည့်နောက် ဘုရားရှင်၏သာသနာတော်နှင့်ဆိုင်သည့် မင်္ဂလာသတင်းကောင်းကို ဟောပြောသည့်အခါ လူအပေါင်းတို့သည်လည်း သာသနာတော်သို့ အတင်းတိုးဝင်ကြ၏။

Onani mutuwo Koperani




Luke 16:16
21 Mawu Ofanana  

ဘုရားရှင်သည် သင်တို့အား စီရင်မည့်အကြောင်းကို သင်တို့အား သတိပေးသည့်အနေဖြင့် ငါတို့ခြေတွင် ကပ်နေသည့် သင်တို့မြို့မှ မြေမှုန့်ကိုပင် ငါတို့ခါချခဲ့၏။ သို့သော်ငြား ဘုရားရှင်၏သာသနာတော်သည် ပေါ်ထွန်းလုနီးပြီဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့’ ဟုဆိုကြလော့။


ထိုမြို့ရှိ နာမကျန်းဖြစ်သူများကို ကျန်းမာစေ၍ ‘ဘုရားရှင်၏သာသနာတော်ပေါ်ထွန်းရန် အချိန်နီးကပ်လာပြီ’ ဟုသူတို့ကို ဟောပြောကြလော့။


သို့သော် အာဗြဟံက ‘သင်၏ညီအစ်ကိုတို့၌ မောရှေနှင့် အရိယာသူတော်စင်တို့ ပညတ်ကျမ်းများရှိကြ၏။ ထိုကျမ်းတို့ကို သူတို့လိုက်နာကြပါစေ’ ဟုဆိုသောအခါ


ထိုအခါ အာဗြဟံက ‘သူတို့သည် မောရှေနှင့်အရိယာသူတော်စင်တို့ရေးသားထားသည့်ပညတ်ကျမ်းများကိုပင် မလိုက်နာကြလျှင် သေရာမှ ပြန်လာသူတစ်ဦး၏စကားကိုလည်း ယုံကြည်လက်ခံကြလိမ့်မည်မဟုတ်’ ဟုဆိုလေ၏” ဟူ၍မိန့်တော်မူ၏။


ထို့နောက် ကိုယ်တော်သည် သူတို့အား ဘုရားရှင်၏သာသနာတော်အကြောင်းကို ဟောပြောရန်နှင့် နာမကျန်းသူများကို ကျန်းမာစေရန်အတွက် စေလွှတ်တော်မူလေ၏။


Titsatireni:

Zotsatsa


Zotsatsa