Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 15:28 - Musselmani Burmese

28 ထိုအခါ သားကြီးသည် အမျက်ထွက်၍ အိမ်ထဲသို့ မဝင်လိုသဖြင့် ဖခင်ဖြစ်သူသည် အပြင်သို့ထွက်လာပြီး သူ့ကို ဖျောင်းဖျလေ၏။

Onani mutuwo Koperani




Luke 15:28
25 Mawu Ofanana  

ထို့နောက် ကိုယ်တော်က “အို ဂျေရုဆလင်မြို့သားအပေါင်းတို့၊ ငါသည် သင်တို့အတွက် အလွန်အမင်းဝမ်းနည်းပူဆွေးရ၏။ သင်တို့သည် အရိယာသူတော်စင်များကို အဆက်မပြတ်သတ်ဖြတ်ခဲ့ကြ၏။ ဘုရားရှင်စေလွှတ်တော်မူသော စေတမန်တို့ကိုလည်း သင်တို့သည် ခဲနှင့်ပေါက်သတ်ခဲ့ကြ၏။ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်မှာအုပ်၍ ရင်အုပ်မကွာစောင့်ရှောက်သကဲ့သို့ ငါသည်လည်း သင်တို့အားလုံးကို ရင်အုပ်မကွာစောင့်ရှောက်လိုသဖြင့် ကြိမ်ဖန်များစွာကြိုးစားသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။


ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “ဤသူသည် အပြစ်ဒုစရိုက်သမားများနှင့် မိတ်ဆွေဖွဲ့နေရုံမျှမက ထိုသူတို့နှင့်အတူတူပင် စားသောက်နေပါသည်တကား” ဟုပြစ်တင်ဝေဖန်ကြ၏။


အစေခံကလည်း ‘သင်၏ညီငယ်သည် ကျန်းမာစွာဖြင့် အိမ်သို့ပြန်ရောက်လာသဖြင့် သင်၏ဖခင်ဖြစ်သူက ဆူဖြိုးသည့်နွားပျိုကို ချက်၍ ပျော်ပွဲရွှင်ပွဲကျင်းပနေခြင်းဖြစ်ပါသည်’ ဟုဖြေလေ၏။


သားကြီးကလည်း ‘အကျွန်ုပ်သည် အဖေစေခိုင်းသမျှကို လိုက်နာခဲ့ပြီး နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့သော်လည်း အဖေသည် အကျွန်ုပ်အတွက် မိတ်ဆွေများနှင့်အတူတူ စားသောက်ဖို့ ဆိတ်တစ်ကောင်ကိုမျှ မပေးခဲ့ဖူးပါ။


နောင်တသံဝေဂတရားနှင့် အပြစ်ဒုစရိုက်တို့ကို ခွင့်လွှတ်ခြင်းရစေဖို့ ဂျေရုဆလင်မြို့မှစ၍ လူမျိုးအပေါင်းတို့ကို ဟောပြောလိမ့်မည်ဟုဖော်ပြထား၏။


ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက ကိုယ်တော်၏တပည့်တော်များအား “သင်တို့သည် အဘယ်ကြောင့် ဤအခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သားများဟု ငါတို့သတ်မှတ်ထားသူများနှင့်အတူတကွ စားသောက်နေကြသနည်း” ဟုစောဒကတက်ကြလေ၏။


ထိုအခါ ကိုယ်တော်ကိုပင့်ဖိတ်သောဖာရိရှဲသည် မြင်သဖြင့် “ဤသူသည် အရိယာသူတော်စင်မှန်ပါက သူ့ကိုတို့ထိနေသူ အမျိုးသမီးသည် မည်သို့သောမိန်းမမျိုး ဖြစ်သည်ကို သိသင့်သည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏” ဟုမိမိစိတ်ထဲ၌ တွေးတောလေ၏။


Titsatireni:

Zotsatsa


Zotsatsa