Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 15:10 - Musselmani Burmese

10 ထိုနည်းတူ သင်တို့အား ငါဆိုမည်ကား နောင်တသံဝေဂရ၍ ဘုရားရှင်ဘက်သို့ ပြန်လှည့်လာသော အပြစ်ဒုစရိုက်သားတစ်ဦးအတွက် ဘုရားရှင်၏နတ်ဒေဝါများသည် ဝမ်းမြောက်ဝမ်းသာဖြစ်ကြလိမ့်မည်” ဟုမိန့်တော်မူ၏။

Onani mutuwo Koperani




Luke 15:10
23 Mawu Ofanana  

ကိုယ်တော်က ဆက်လက်၍ “သင်တို့အား ငါဆိုမည်ကား မည်သူမဆို လူတို့ရှေ့၌ ငါ၏တပည့်တော်ဖြစ်ကြောင်းကို ဝန်ခံလျှင် လူ့သားတော်ဖြစ်သည့်ငါသည်လည်း ဘုရားရှင်၏နတ်ဒေဝါများရှေ့မှောက်၌ ထိုသူသည် ငါ၏တပည့်တော်ဖြစ်ကြောင်းကို ဝန်ခံမည်။


သို့သော် လူတို့ရှေ့၌ ငါ့ကိုငြင်းပယ်သောသူသည်ကား ထိုသူသည် ဘုရားရှင်၏နတ်ဒေဝါများရှေ့မှောက်၌လည်း ငြင်းပယ်ခြင်းကိုခံရလိမ့်မည်။


ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား သင်တို့အားလုံးသည်လည်း နောင်တသံဝေဂမရကြလျှင် ထိုနည်းတူပျက်စီးကြပေလိမ့်မည်” ဟုမိန့်တော်မူ၏။


တဖန် ကိုယ်တော်က နောက်ထပ်ပုံဥပမာဖြင့် မိန့်ကြားတော်မူသည်မှာ “တစ်ခါက လူတစ်ဦး၌ သားနှစ်ယောက်ရှိလေ၏။


ထိုကဲ့သို့ပင် သင်တို့အား ငါဆိုမည်ကား ဖြောင့်မတ်မှန်ကန်သောသူ ကိုးဆယ့်ကိုးဦးအတွက်ထက် အပြစ်ဒုစရိုက်မှ နောင်တသံဝေဂရ၍ ဘုရားရှင်ဘက်သို့ လှည့်လာသောသူတစ်ဦးအတွက်ကို ပို၍ ရွှေမြို့တော်၌ ဝမ်းမြောက်ဝမ်းသာရှိကြလိမ့်မည်” ဟုမိန့်တော်မူ၏။


ပြန်ရှာတွေ့သောအခါ၌လည်း သူမသည် အိမ်နီးချင်းတို့ကိုခေါ်၍ ‘ပျောက်သွားသည့်ငွေဒင်္ဂါးကို ပြန်တွေ့ပြီဖြစ်၍ ဝမ်းသာကြလော့’ ဟုဆိုလိမ့်မည်။


ထို့ကြောင့် သင့်အား ငါဆိုသည်ကား ဘုရားရှင်သည် သူမ၏များပြားလှသောအပြစ်များကို ခွင့်လွှတ်ပေးတော်မူခဲ့ပြီဖြစ်သောကြောင့် သူမသည် များစွာသောမေတ္တာကရုဏာကို ပြသနေခြင်းဖြစ်၏။ ထိုသို့ပင် အနည်းငယ်သာခွင့်လွှတ်ခြင်းခံရသူသည် အနည်းငယ်သောမေတ္တာကိုသာ ပြ၏” ဟုမိန့်တော်မူ၏။


Titsatireni:

Zotsatsa


Zotsatsa