37 ထိုအခါ သခင်သည် သူပြန်လာသည်ကို သတိနှင့်စောင့်နေသောအစေခံအား ဆုလာဘ်များပေးသနားလိမ့်မည်။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိခါးပန်းကို စည်းလျက် ထိုအစေခံကို အစားအစာများနှင့် တည်ခင်းကျွေးမွေးလိမ့်မည်။
ထိုမှသာ မိမိတို့၏သခင်သည် မင်္ဂလာဆောင်ပွဲမှပြန်လာ၍ တံခါးကိုခေါက်သည့်အခါ၌ ချက်ချင်းထ၍ တံခါးဖွင့်ပေးနိုင်မည်ဖြစ်၏။
ထိုသခင် ပြန်လာသောအခါ သူခန့်အပ်ထားသောအစေအပါးသည် ကောင်းမွန်စွာအလုပ်လုပ်နေသည်ကိုမြင်လျှင် သခင်သည် ဝမ်းမြောက်၍ သူ့အား ဆုလာဘ်များပေးသနားလိမ့်မည်။
ထိုအစား သင်သည် ‘ငါစားဖို့ရန် စားစရာပြင်ဆင်၍ ငါစားသောက်ပြီးသည်အထိ အနားမှာစောင့်လျက်နေလော့။ ထို့နောက်မှ သင်သည် စားသောက်လော့’ ဟုဆိုမည်မဟုတ်လော။
ထို့ကြောင့် သင်တို့သည်လည်း ဖြစ်ပေါ်လာမည့်အရာတို့ထံမှ လွတ်မြောက်၍ လူ့သားတော်ရှေ့မှောက်၌ မားမားမတ်မတ်ရပ်နိုင်ဖို့ရန်အတွက် အချိန်ရှိသရွေ့ ဆက်လက်ဆုတောင်းနေကြလော့” ဟုမိန့်တော်မူ၏။
စားပွဲတွင်ထိုင်နေသောသူနှင့် ထိုသူ့အတွက်အစားအသောက်များကို ပြင်ဆင်ပေးရသူတို့တွင် မည်သူက ပို၍ကြီးမြတ်သနည်း။ စားပွဲ၌ထိုင်နေသောသူက ပို၍ကြီးမြတ်သည်မဟုတ်လော။ သို့သော် ငါကိုယ်တော်သည် သင်တို့ကြားတွင် အစေခံသူသဖွယ်ဖြစ်၏။