Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 11:31 - Musselmani Burmese

31 တရားစီရင်ရာနေ့ရက်၌ ရှေဘပြည်ဘုရင်မသည်လည်း ယနေ့ခေတ်လူတို့နှင့်အတူ ထမြောက်ရှင်သန်လျက် ဤမျိုးဆက်လူတို့၏မှားယွင်းမှုများကို ပြစ်တင်စွဲဆိုလိမ့်မည်။ အကြောင်းမူကား သူမသည် ဉာဏ်ပညာကြီးမြတ်သော ရှောလမုန်ဘုရင်ကြီး၏အဆုံးအမတို့ကို နာကြားရဖို့ ဝေးလံခေါင်ဖျားသည့်တိုင်းပြည်မှ လာခဲ့ရ၏။ သင်တို့အား ငါဆိုသည်ကား ယခုဤနေရာ၌ ရှောလမုန်ထက်သာ၍ ကြီးမြတ်သောသူသည် သင်တို့နှင့်အတူရှိ၏။ သို့သော် သင်တို့သည် သူ၏အဆုံးအမတို့ကို လက်မခံကြ။

Onani mutuwo Koperani




Luke 11:31
11 Mawu Ofanana  

ဉာဏ်အလင်းတော်သည် ချိုးငှက်အသွင်ဖြင့် ကိုယ်တော်အပေါ်သို့ ဆင်းသက်လာလေသည်။ ကောင်းကင်မှအသံတော်သည်လည်း ‌“သင်သည် ငါချစ်မြတ်နိုးတော်မူသော ငါ၏သားဖြစ်သည်။ ငါသည် သင့်အား လွန်စွာနှစ်သက်အားရတော်မူ၏” ဟူ၍ထွက်ပေါ်လေ၏။


ထို့နောက် မိုးတိမ်တိုက်မှ “ဤသူသည် ငါရွေးကောက်ထားတော်မူသော ငါ၏သားဖြစ်သည်။ သူ့စကားကို နားထောင်ကြလော့” ဟူသောအသံတော် ထွက်ပေါ်လာလေ၏။


Titsatireni:

Zotsatsa


Zotsatsa