Biblia Todo Logo
Baibulo la pa intaneti

- Zotsatsa -




Luke 1:42 - Musselmani Burmese

42 “သင်သည် အမျိုးသမီးတကာတို့ထက် ‘မူဘာရဲက်’ မင်္ဂလာရှိ၏။ သင်၏ဝမ်း၌ရှိသောသူငယ်သည်လည်း ‘မူဘာရဲက်’ မင်္ဂလာရှိ၏။

Onani mutuwo Koperani




Luke 1:42
13 Mawu Ofanana  

“ဖရိချ်သာ” ကောင်းကင်တမန်သည် မရ်ယာမ်ထံသို့လာ၍ “အစ္စလာမူအာလိုက်ကွမ်၊ ထူးကဲသောကျေးဇူးတော်ကိုခံစားရသောအမျိုးသမီး၊ အလ္လာဟ်သည် သင်နှင့်အတူရှိတော်မူသည်” ဟုဆို၏။


မရ်ယာမ်၏နှုတ်ဆက်စကားကိုကြားသော် အဲ့လီစ်ဘဲသ်၏ဝမ်းမှကလေးသည် ခုန်လေ၏။ အဲ့လီစ်ဘဲသ်သည် “ရူဟုလ်ကုဒွတ်စ်” သန့်ရှင်းသောဝိညာဥ်တော်ဖြင့်ပြည့်ဝလျက်


အကျွန်ုပ်အရှင်၏မယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်ထံသို့လာပါသနည်း။ အဘယ်ကြောင့် ဤအခွင့်ထူးကို အကျွန်ုပ်ခံစားရပါသနည်း။


အကြောင်းမူကား၊ သူသည် မိမိ၏ ‘ဗန္ဒဟ်’ အစေခံသိမ်းငယ် နှိမ့်ချသောအဖြစ်ကို ကြည့်ရှု၍၊ အကျွန်ုပ်ကို မေ့လျော့မထားပေ။ ယခုအချိန်မှစ၍ နောင်လာနောင်သားအပေါင်းတို့သည် ငါ့ကို ‘မူဘာရဲက်’ မင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။


“ဘုရားရှင်၏နာမတော်ဖြင့် ကြွရောက်လာသည့် ရှင်ဘုရင်သည် မင်္ဂလာရှိပါပေ၏။ ရွှေမြို့တော်၌ ငြိမ်းချမ်းခြင်းရှိ၍ ဘုရားရှင်၏ဘုန်းတန်ခိုးတော် ထွန်းလင်းပါစေသော်” ဟုကြွေးကြော်ကြလေ၏။


Titsatireni:

Zotsatsa


Zotsatsa