Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

ဆာလံကျမ်း 93 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်


ထာဝရအုပ်စိုးတော်မူသောဘုရားသခင်

1 ထာဝရဘုရား​သည် စိုးစံ​တော်မူ​၍ ဘုန်းတန်ခိုး​တော်​ကို ဆင်မြန်း​တော်မူ​၏​။ ထာဝရဘုရား​သည် ထိုသို့​ဆင်မြန်း​၍ မိမိကိုယ်ကို​အစွမ်းသတ္တိ​နှင့်​ပတ်စည်း​တော်မူ​၏​။ ကမ္ဘာလောက​သည်​လည်း မ​တုန်လှုပ်​နိုင်​အောင် တည်မြဲ​လျက်​ရှိ​၏​။

2 ကိုယ်တော်​၏​ပလ္လင်​တော်​သည် ရှေးကာလ​မှစ၍ တည်​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​သည် ထာဝရ​ကတည်းကပင် ရှိ​တော်မူ​၏​။

3 အို ထာဝရဘုရား​၊ မြစ်​တို့​သည် ဟုန်းဟုန်း​မြည်​ကြ​ပါ​၏​။ မြစ်​တို့​သည် မိမိ​တို့​၏​အသံ​ကို ဟုန်းဟုန်း​မြည်​စေ​ကြ​ပါ​၏​။ မြစ်​တို့​သည် မိမိ​တို့​၏​လှိုင်းခတ်သံ​များ​ကို ဟုန်းဟုန်း​မြည်​စေ​ကြ​ပါ​၏​။

4 မြင့်သောအရပ်​၌​ရှိ​တော်မူ​သော​ထာဝရဘုရား​သည် များစွာ​သော​ရေ​တို့​၏​မြည်ဟည်းသံ​ထက်​တန်ခိုးကြီး​တော်မူ​၏​။ ပင်လယ်​လှိုင်းတံပိုး​များ​ထက် တန်ခိုးကြီး​တော်မူ​၏​။

5 ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အပြည့်အဝ​ယုံကြည်​စိတ်ချ​ရ​ပါ​၏​။ အို ထာဝရဘုရား​၊ သန့်ရှင်း​ခြင်း​သည် ကိုယ်တော်​၏ အိမ်​တော်​ကို အစဉ်အမြဲ​တင့်တယ်​စေ​ပါ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2022 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ