ဆာလံကျမ်း 54 - မြန်မာ့စံမီသမ္မာကျမ်ကယ်နုတ်တော်မူရန် ဆုတောင်းခြင်း ဂီတမှူးအတွက်၊ ကြိုးတပ်တူရိယာများဖြင့်၊ ဇိဖအမျိုးသားတို့က “ဒါဝိဒ်သည် အကျွန်ုပ်တို့ထံ ပုန်းရှောင်နေပါသည်”ဟု ရှောလုထံသို့သွား၍ကြားလျှောက်ကြသောအခါ ဒါဝိဒ်စပ်ဆိုသောအလိမ္မာသီချင်း 1 အို ဘုရားသခင်၊ ကိုယ်တော်၏နာမတော်အားဖြင့် အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ ကိုယ်တော်၏အစွမ်းတန်ခိုးတော်အားဖြင့် အကျွန်ုပ်ကိုစစ်ကြောစီရင်တော်မူပါ။ 2 အို ဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏နှုတ်ထွက်စကားတို့ကို စူးစိုက်နားထောင်တော်မူပါ။ 3 အကြောင်းမူကား သူစိမ်းတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွကြပါ၏။ ကြမ်းကြုတ်သောသူတို့သည်လည်း အကျွန်ုပ်အသက်ကိုရန်ရှာကြပါ၏။ သူတို့သည် ဘုရားသခင်ကို ဦးထိပ်ထားခြင်းမရှိကြပါ။(စေလာ) 4 ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကူညီမစသောအရှင်ဖြစ်တော်မူ၏။ ဘုရားရှင်သည် ငါ့အသက်ကို ထောက်မသောသူတို့နှင့်အတူ ရှိတော်မူ၏။ 5 ငါ၏ရန်သူတို့အပေါ် မကောင်းမှုအကျိုးကို ကိုယ်တော်ဆပ်ပေးပါစေသော။ ကိုယ်တော်၏သစ္စာတော်နှင့်အညီ ထိုသူတို့ကို ဖယ်ရှားသုတ်သင်တော်မူပါ။ 6 အကျွန်ုပ်သည် စေတနာ့ပူဇော်သက္ကာကို ကိုယ်တော်အား ပူဇော်ပါမည်။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် ကောင်းမြတ်ပါ၏။ 7 အမှန်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်ကို ဆင်းရဲဒုက္ခအပေါင်းတို့မှကယ်နုတ်တော်မူပြီဖြစ်၍ အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်၏ရန်သူတို့ကို အပေါ်စီးမှကြည့်မြင်နိုင်ပါပြီ။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative
Global Bible Initiative