Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

ဆာလံကျမ်း 24 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်


ဘုန်းကြီးသောဘုရင်
ဒါဝိဒ်​၏​ဆာလံ

1 ထာဝရဘုရား​သည် မြေကြီး​နှင့် မြေကြီး​ပေါ်၌ ရှိသမျှ​သော​အရာ​တို့​ကို​လည်းကောင်း​၊ ကမ္ဘာလောက​နှင့် ကမ္ဘာလောက​၌ နေထိုင်​သော​သူ​တို့​ကို​လည်းကောင်း ပိုင်​တော်မူ​၏​။

2 အကြောင်းမူကား ကိုယ်တော်​သည် ၎င်း​ကို သမုဒ္ဒရာ​ပေါ်တွင်​တည်​၍ မြစ်​များ​ပေါ်တွင်​မြဲမြံ​စေ​တော်မူ​၏​။

3 ထာဝရဘုရား​၏​တောင်​တော်​ပေါ်သို့ မည်သူ​တက်​ရ​မည်နည်း​။ ကိုယ်တော်​၏​သန့်ရှင်း​သော​နေရာ​တွင် မည်သူ​ရပ်​ရ​မည်နည်း​။

4 ထို​သူ​ကား အပြစ်ကင်း​သော​လက်​နှင့် ဖြူစင်​သော​စိတ်နှလုံး​ရှိ​သူ​၊ အချည်းနှီး​သော​အရာ​၌ စိတ်ဝိညာဉ်​မှီဝဲဆည်းကပ်​ခြင်း​မ​ရှိ​သူ​၊ လိမ်လည်လှည့်ဖြား​၍​ကျိန်ဆို​ခြင်း​မ​ပြု​သူ​ပင် ဖြစ်​၏​။

5 ထို​သူ​သည် ထာဝရဘုရား​ထံ​မှ ကောင်းချီးမင်္ဂလာ​ကို​လည်းကောင်း​၊ သူ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​ထံမှ ဖြောင့်မတ်​ခြင်း​ကို​လည်းကောင်း ရရှိ​လိမ့်မည်​။

6 ထိုသို့​သော​သူ​သည် ကိုယ်တော်​ကို​ရှာ​သော​သူ​၏ မျိုးဆက်​ဖြစ်​၏​။ ယာကုပ်​ကဲ့သို့​ကိုယ်တော်​၏​မျက်နှာ​တော်​ကို ရှာ​သော​သူ​ဖြစ်​၏​။(​စေလာ)

7 အချင်း​တံခါး​တို့​၊ သင်​တို့​၏​မုခ်ဦး​ကို​ကြွ​လိုက်​ကြ​လော့​။ အချင်း​ထာဝရ​တံခါး​တို့​၊ ကိုယ်ကို​ကြွ​လိုက်​ကြ​လော့​။ ဘုန်းကြီး​သော​ဘုရင်​ဝင်​တော်မူ​မည်​။

8 ဘုန်းကြီး​သော​ဘုရင်​ကား မည်သူ​နည်း​။ အင်အားကြီးမား​၍ တန်ခိုးကြီး​သော​ထာဝရဘုရား​၊ စစ်မက်​၌​တန်ခိုးကြီး​သော​ထာဝရဘုရား​ဖြစ်​တော်မူ​၏​။

9 အချင်း​တံခါး​တို့​၊ သင်​တို့​၏​မုခ်ဦး​ကို​ကြွ​လိုက်​ကြ​လော့​။ အချင်း​ထာဝရ​တံခါး​တို့​၊ ကိုယ်ကို​ကြွ​လိုက်​ကြ​လော့​။ ဘုန်းကြီး​သော​ဘုရင်​ဝင်​တော်မူ​မည်​။

10 ဘုန်းကြီး​သော​ဘုရင်​ကား မည်သူ​နည်း​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။ ကိုယ်တော်​သည် ဘုန်းကြီး​သော​ဘုရင်​ဖြစ်​တော်မူ​၏​။(​စေလာ)

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2022 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ