Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

ဆာလံကျမ်း 15 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်


ဘုရားဝတ်၌မွေ့လျော်သူတို့၏စရိုက်လက္ခဏာ
ဒါဝိဒ်​၏​ဆာလံ

1 အို ထာဝရဘုရား​၊ ကိုယ်တော်​၏​တဲ​တော်​၌ မည်သူ​နေထိုင်​ရ​ပါ​မည်နည်း​။ ကိုယ်တော်​၏​သန့်ရှင်း​သော​တောင်​တော်​ပေါ်၌ မည်သူ​နေထိုင်​ရ​ပါ​မည်နည်း​။

2 ထို​သူ​ကား အပြစ်တင်စရာမရှိ​အောင် အသက်ရှင်​လျှောက်လှမ်း​သော​သူ​၊ ဖြောင့်မတ်​စွာ​ပြုကျင့်​သော​သူ​၊ မိမိ​စိတ်နှလုံး​မှ သစ္စာစကား​ကို​ပြောဆို​သော​သူ​၊

3 မိမိ​နှုတ်​ဖြင့်​အတင်းပြောဆို​ခြင်း​မ​ပြု​သော​သူ​၊ မိမိ​၏​အိမ်နီးချင်း​အပေါ်​မကောင်းမှု​ကို​မ​ပြု​သော​သူ​၊ မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကဲ့ရဲ့ပြစ်တင်​ခြင်း​မ​ပြု​သော​သူ​၊

4 ဆိုးယုတ်​သော​သူ​ကို အယုတ်​ဟု​မြင်​သော​သူ​၊ ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​အား ရိုသေလေးမြတ်​သော​သူ​၊ မိမိ​အကျိုး​ထိခိုက်​လျှင်ပင် ကျိန်ဆို​ထား​သော​ကတိ​ကို​မ​ဖျက်​သော​သူ​၊

5 မိမိ​ငွေ​ကို အတိုး​ဖြင့်​ချေးငှား​ခြင်း​မ​ပြု​၊ အပြစ်ကင်း​သော​သူ​ကို​ထိခိုက်​စေ​သည့် တံစိုးလက်ဆောင်​ကို​လက်​မ​ခံ​သော​သူ​ပင်တည်း​။ ဤသို့​ပြု​သော​သူ​သည် မည်သည့်​အခါ​မျှ​တုန်လှုပ်​မည်​မ​ဟုတ်​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2022 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ