ဆာလံကျမ်း 133 - မြန်မာ့စံမီသမ္မာကျမ်ညီညွတ်စွာ အတူတကွနေထိုင်ခြင်း ဒါဝိဒ်၏အတက်လမ်းသီချင်း 1 ကြည့်ရှုလော့။ ညီအစ်ကိုတို့သည် ညီညွတ်စွာအတူတကွ နေထိုင်ကြသည်မှာ အလွန်ကောင်းမြတ်၍ အလွန်နှစ်သက်ကြည်နူးဖွယ်ဖြစ်၏။ 2 ခေါင်းပေါ်၌သွန်းလောင်း၍ မုတ်ဆိတ်သို့စီးဆင်းသောဆီတည်းဟူသော အာရုန်၏မုတ်ဆိတ်မှသည် သူ၏ဝတ်ရုံလည်ခွံတိုင်အောင်စီးဆင်းသည့် အဖိုးတန်သောဆီကဲ့သို့ဖြစ်၏။ 3 ဇိအုန်တောင်များပေါ်သို့ကျသည့် ဟေရမုန်တောင်၏နှင်းစက်ကဲ့သို့လည်းဖြစ်၏။ အကြောင်းမူကား ထိုသို့နေထိုင်ကြသောအရပ်၌ အစဉ်အမြဲအသက်ရှင်ခြင်းတည်းဟူသော ကောင်းချီးမင်္ဂလာကို ထာဝရဘုရားအပ်နှင်းတော်မူ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative
Global Bible Initiative