ဆာလံကျမ်း 131 - မြန်မာ့စံမီသမ္မာကျမ်ကလေးငယ်ကဲ့သို့သောစိတ်သဘော ဒါဝိဒ်၏အတက်လမ်းသီချင်း 1 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ဘဝင်မြင့်ခြင်းမရှိပါ။ မျက်နှာထောင်လွှားခြင်းလည်းမရှိပါ။ ကြီးမား၍ အကျွန်ုပ်အတွက် အံ့မခန်းဖြစ်ရသောအမှုများနှင့် ပတ်သက်ခြင်းလည်းမရှိပါ။ 2 အကယ်စင်စစ် မိမိ၏မိခင်နှင့်အတူရှိသည့် နို့ပြတ်ပြီးသောကလေးငယ်ကဲ့သို့ အကျွန်ုပ်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ငြိမ်သက်တိတ်ဆိတ်စွာနေစေပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲ၌ နို့ပြတ်ပြီးသောကလေးငယ်ကဲ့သို့ဖြစ်ပါ၏။ 3 အို အစ္စရေးအမျိုး၊ ထာဝရဘုရားကို ယခုမှစ၍ ကာလအစဉ်အဆက်မျှော်လင့်ကိုးစားလော့။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative
Global Bible Initiative