Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

ဆာလံကျမ်း 125 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်


လူမျိုးတော်၏ယုံကြည်ကိုးစားရာ
အတက်လမ်း​သီချင်း

1 ထာဝရဘုရား​ကို ယုံကြည်ကိုးစား​သော​သူ​တို့​သည် မ​တုန်​မ​လှုပ်​၊ အစဉ်အမြဲ​တည်​သော ဇိအုန်​တောင်​ကဲ့သို့​ဖြစ်​ကြ​၏​။

2 တောင်​များ​သည် ဂျေရုဆလင်​မြို့​ကို​ဝန်းရံ​ထား​သကဲ့သို့ ထာဝရဘုရား​သည် မိမိ​၏​လူမျိုး​တော်​ကို ယခု​မှစ၍ ကာလ​အစဉ်အဆက်​ဝန်းရံ​ထား​တော်မူ​၏​။

3 ဖြောင့်မတ်​သော​သူ​တို့​သည် မိမိ​တို့​လက်​ကို မကောင်းမှု​အတွက်​အသုံး​မ​ပြု​မိ​စေရန် ဆိုးယုတ်​သော​သူ​၏​ရာဇလှံတံ​သည် ဖြောင့်မတ်​သော​သူ​တို့​၏​ဝေစု​နယ်မြေ​ပေါ်၌ မ​တည်​မ​နေ​ရ​။

4 အို ထာဝရဘုရား​၊ သူတော်ကောင်း​နှင့် စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​တို့​ကို ကောင်းစား​စေ​တော်မူ​ပါ​။

5 မိမိ​တို့​၏​ကောက်ကျစ်​သော​လမ်း​များ​ဘက်​သို့ လှည့်သွား​သော​သူ​တို့​ကို​ကား ထာဝရဘုရား​သည် အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​နှင့်အတူ နှင်ထုတ်​တော်မူ​လိမ့်မည်​။ အစ္စရေး​လူမျိုး​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေသော​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2022 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ