Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

ဆာလံကျမ်း 123 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်


ထာဝရဘုရားကို မျှော်ကြည့်ခြင်း
အတက်လမ်း​သီချင်း

1 ကောင်းကင်ဘုံ​၌​စိုးစံ​တော်မူ​သော​အရှင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​မျှော်ကြည့်​ပါ​၏​။

2 ကျွန်ယောက်ျား​တို့​သည် မိမိ​တို့​သခင်​၏​လက်​ကို မျှော်ကြည့်​သကဲ့သို့​လည်းကောင်း​၊ ကျွန်မိန်းမ​သည် မိမိ​သခင်မ​၏​လက်​ကို မျှော်ကြည့်​သကဲ့သို့​လည်းကောင်း​၊ အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​ကို သနား​တော်မူ​သည်​အထိ အကျွန်ုပ်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ကို မျှော်ကြည့်​ကြ​ပါ​၏​။

3 အကျွန်ုပ်​တို့​ကို​သနား​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​ကို​သနား​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​သည်​မှာ လွန်စွာ​ငြီးငွေ့​လှ​ပါ​ပြီ​။

4 အကျွန်ုပ်​တို့​၏​စိတ်ဝိညာဉ်​သည် မောက်မာ​ထောင်လွှား​သော​သူ​တို့​၏​အထင်အမြင်သေး​ခြင်း​နှင့် မာနကြီး​သော​သူ​တို့​၏​မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​သည်​မှာ လွန်စွာ​ငြီးငွေ့​လှ​ပါ​ပြီ​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2022 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ