Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

ဆာလံကျမ်း 100 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်


ကျေးဇူးတော်ချီးမွမ်းကြလော့
ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဆာလံ

1 မြေကြီးသား​အပေါင်း​တို့​၊ ထာဝရဘုရား​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။

2 ဝမ်းမြောက်​သော​စိတ်​ဖြင့် ထာဝရဘုရား​၏​အမှု​တော်​ကို​ဆောင်ရွက်​ကြ​လော့​။ ရွှင်လန်း​စွာ​သီချင်းဆို​လျက် ရှေ့​တော်​သို့​ဝင်​ကြ​လော့​။

3 ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်း​ကို သိမှတ်​ကြ​လော့​။ ကိုယ်တော်​သည် ငါ​တို့​ကို ဖန်ဆင်း​တော်မူ​၏​။ ငါ​တို့​သည်​လည်း ကိုယ်တော်​၏​ပိုင်ဆိုင်​ရာ​၊ ကိုယ်တော်​၏​လူမျိုး​တော်​၊ ကိုယ်တော်​၏​စားကျက်​မှ သိုးစု​ဖြစ်​ကြ​၏​။

4 ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ကိုယ်တော်​၏​တံခါး​များ​ထဲသို့​လည်းကောင်း​၊ ဂုဏ်တော်ချီးမွမ်း​ခြင်း​ဖြင့် ကိုယ်တော်​၏​အိမ်တော်ဝင်း​ထဲသို့​လည်းကောင်း ဝင်​ကြ​လော့​။ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမ​တော်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။

5 အကြောင်းမူကား ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၍ ကိုယ်တော်​၏​သစ္စာ​တော်​သည် မျိုးဆက်​အစဉ်အဆက်​တည်​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2022 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ