Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

တော​လည်ရာ 34 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်


ကတိတော်ပြည်၏နယ်နိမိတ်

1 တစ်ဖန် ထာဝရဘုရား​က မောရှေ​အား

2 “​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​သည် ခါနာန်​ပြည်​သို့​ရောက်​သောအခါ အမွေ​အဖြစ် သင်​တို့​ရရှိ​မည့် ခါနာန်​ပြည်​၏​နယ်မြေ​အပိုင်းအခြား​ကား ဤသို့​ဖြစ်​ရ​မည်​။

3 တောင်ဘက်ခြမ်း​သည် ဧဒုံ​ပြည်​နယ်စပ်​တစ်လျှောက်​ရှိ ဇိန​တောကန္တာရ​မှ​စ​ရ​မည်​။ တောင်ဘက်​နယ်နိမိတ်​သည် အရှေ့ဘက်​တွင် ဆား​ပင်လယ်​အစွန်း​မှ​စ​ရ​မည်​။

4 ထိုမှ နယ်နိမိတ်​သည် အကရဗ္ဗိမ်​တောင်ကုန်း​၏​တောင်ဘက်​သို့​ကွေ့သွား​၍ ဇိန​တော​ကို​ဖြတ်​ပြီး ကာဒေရှဗာနာ​အရပ်​သို့​ရောက်​ရ​မည်​။ ထိုမှ တောင်ဘက် ဟာဇရဒ္ဒါ​အရပ်​သို့​ရောက်​၍ အာဇမုန်​အရပ်​ကို​ဖြတ်​ရ​မည်​။

5 နယ်နိမိတ်​သည် အာဇမုန်​အရပ်​မှ အီဂျစ်​ချောင်း​သို့​ကွေ့သွား​၍ ပင်လယ်​၌ ဆုံး​ရ​မည်​။

6 အနောက်ဘက်​နယ်နိမိတ်​သည် မြေထဲပင်လယ်​နှင့်​ကမ်းရိုးတန်း​တို့​ဖြစ်​ရ​မည်​။ ဤသည်ကား သင်​တို့​အဖို့ အနောက်ဘက်​နယ်နိမိတ်​ဖြစ်​မည်​။

7 မြောက်ဘက်​နယ်နိမိတ်​ကို မြေထဲပင်လယ်​မှ ဟောရ​တောင်​အထိ​၊

8 ဟောရ​တောင်​မှ လီဘိုဟာမတ်​အရပ်​အထိ ပိုင်းခြား​၍ ထိုမှ နယ်နိမိတ်​သည် ဇေဒဒ်​အရပ်​အထိ​ရောက်​ရ​မည်​။

9 ထိုမှ နယ်နိမိတ်​သည် ဇိဖြုန်​အထိ​ဆက်သွား​၍ ဟာဇရေနန်​၌ ဆုံး​ရ​မည်​။ ဤသည်ကား သင်​တို့​အဖို့ မြောက်ဘက်​နယ်နိမိတ်​ဖြစ်​ရ​မည်​။

10 အရှေ့ဘက်​နယ်နိမိတ်​ကို ဟာဇရေနန်​မှ​ရှေဖံ​အထိ ပိုင်းခြား​ရ​မည်​။

11 နယ်နိမိတ်​သည် ရှေဖံ​မှ အဣန​အရှေ့ဘက် ရိဗလ​တိုင်အောင် ဆင်းလာ​ရ​မည်​။ ထိုမှ နယ်နိမိတ်​သည် ဆက်သွား​၍ အရှေ့ဘက်​တွင်​ဂင်နေသရက်​အိုင်​စပ်​အထိ ရောက်​ရ​မည်​။

12 ထိုမှ နယ်နိမိတ်​သည် ဂျော်ဒန်​မြစ်​တစ်လျှောက်​ဆက်သွား​၍ ဆား​ပင်လယ်​၌ ဆုံး​ရ​မည်​။ ဤသည်ကား သင်​တို့​ပြည်​၏​နယ်မြေ​အပိုင်းအခြား ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။

13 မောရှေ​က​လည်း အစ္စရေး​အမျိုးသား​တို့​အား “​ဤသည်ကား အမျိုးအနွယ်​ကိုး​နွယ်​နှင့် အမျိုးအနွယ်​တစ်ဝက်​တို့​အား ပေး​မည်​ဟု ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မဲ​ဖြင့်​ခွဲ​၍ သင်​တို့​အမွေဆက်ခံ​ရ​မည့်​မြေ​ဖြစ်​၏​။

14 ရုဗင်​သားမြေး​တို့​၏​အမျိုးအနွယ်​သည် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ ဂဒ်​သားမြေး​တို့​၏​အမျိုးအနွယ်​သည်​လည်း ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် သူ​တို့​၏​အမွေ​ကို ရ​ပြီး​ဖြစ်​၏​။ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​သည်​လည်း သူ​တို့​၏​အမွေ​ကို ရ​ပြီး​ဖြစ်​၏​။

15 ဤ​အမျိုးအနွယ်​နှစ်​နွယ်​နှင့် တစ်ဝက်​သည် ဂျေရိခေါ​မြို့​တစ်ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ အရှေ့ဘက်​နေထွက်​ရာ​အရပ်​တွင် အမွေ​ရ​ပြီး​ဖြစ်​၏​”​ဟု မိန့်မှာ​လေ​၏​။


ခါနာန်ပြည်ကိုခွဲဝေပေးမည့်ခေါင်းဆောင်များ

16 တစ်ဖန် ထာဝရဘုရား​က မောရှေ​အား

17 “​သင်​တို့​အတွက် အမွေမြေ​ကို ခွဲဝေ​ပေး​မည့်​သူ​တို့​၏​အမည်​မှာ ယဇ်ပုရောဟိတ်​ဧလာဇာ​နှင့် နုန်​၏​သား​ယောရှု ဖြစ်​၏​။

18 အမွေ​မြေ​ကို ခွဲဝေ​ပေး​ဖို့ အမျိုးအနွယ်​အသီးသီး​မှ ခေါင်းဆောင်​တစ်ဦးစီ​ကို​လည်း သင်​တို့ ခေါ်​ရ​မည်​။

19 ထို​သူ​တို့​၏​အမည်​မှာ ယုဒ​အမျိုးအနွယ်​မှ ယေဖုန္နာ​၏​သား ကာလက်​၊

20 ရှိမောင်​သားမြေး​တို့​၏​အမျိုးအနွယ်​မှ အမိဟုဒ်​၏​သား ရှေမွေလ​၊

21 ဗင်္ယာမိန်​အမျိုးအနွယ်​မှ ခိသလုန်​၏​သား ဧလိဒဒ်​၊

22 ဒန်​သားမြေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင် ယောဂလိ​၏​သား ဗုက္ကိ​၊

23 ယောသပ်​သားမြေး​တို့​တွင် မနာရှေ​သားမြေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင် ဧဖုဒ်​၏​သား ဟံယေလ​၊

24 ဧဖရိမ်​သားမြေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင် ရှိဖတန်​၏​သား ကေမွေလ​၊

25 ဇာဗုလုန်​သားမြေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင် ပါနက်​၏​သား ဧလိဇာဖန်​၊

26 ဣသခါ​သားမြေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင် အဇ္ဇန်​၏​သား ပါလတေလ​၊

27 အာရှာ​သားမြေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင် ရှေလောမိ​၏​သား အဘိဟုဒ်​၊

28 နဿလိ​သားမြေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင် အမိဟုဒ်​၏​သား ပေဒဟေလ တို့​ဖြစ်​ကြ​၏​”​ဟု မိန့်​တော်မူ​၏​။

29 ဤ​သူ​တို့​ကား ခါနာန်​ပြည်​၌ အစ္စရေး​အမျိုးသား​တို့​အား အမွေခွဲ​ပေး​ရန် ထာဝရဘုရား ခန့်ထား​တော်မူ​သော​သူ​များ​ဖြစ်​ကြ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2022 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ