ဝတ်ပြု 12 - မြန်မာ့စံမီသမ္မာကျမ်မီးဖွားပြီးမိန်းမကို စင်ကြယ်စေခြင်း 1 တစ်ဖန် ထာဝရဘုရားက မောရှေအား 2 “အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ မိန်းမသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလျှင် သူသည် ဓမ္မတာလာသောအခါ မစင်ကြယ်သကဲ့သို့ ခုနစ်ရက်ပတ်လုံး မစင်ကြယ်။ 3 ရှစ်ရက်မြောက်နေ့တွင် သူငယ်၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးရမည်။ 4 မိန်းမသည် သွေးသန့်စင်ဖို့ ရက်ပေါင်းသုံးဆယ့်သုံးရက်စောင့်ရမည်။ မိမိသန့်စင်ရာနေ့ရက်မပြည့်မချင်း မည်သည့်သန့်ရှင်းသောအရာကိုမျှမထိရ၊ သန့်ရှင်းရာဌာနသို့ မလာရ။ 5 သမီးမိန်းကလေးကိုမွေးဖွားလျှင် သူသည် ဓမ္မတာလာသကဲ့သို့ တစ်ဆယ့်လေးရက်ပတ်လုံး မစင်ကြယ်။ သွေးသန့်စင်ဖို့ ရက်ပေါင်းခြောက်ဆယ့်ခြောက်ရက် စောင့်ရမည်။ 6 သားယောက်ျားအတွက်ဖြစ်စေ၊ သမီးမိန်းကလေးအတွက်ဖြစ်စေ သန့်စင်ရာနေ့ရက်ပြည့်သောအခါ သူသည် မီးရှို့ရာယဇ်အတွက် တစ်နှစ်သားအရွယ်သိုးသငယ်တစ်ကောင်နှင့် အပြစ်ဖြေရာယဇ်အတွက် ခိုငယ်တစ်ကောင်၊ သို့မဟုတ် ချိုးငှက်တစ်ကောင်ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ယဇ်ပုရောဟိတ်ထံ ယူဆောင်လာရမည်။ 7 ယဇ်ပုရောဟိတ်သည် ၎င်းကို ထာဝရဘုရား၏ရှေ့တော်၌ ပူဇော်၍ ထိုမိန်းမအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် သွေးဆင်းခြင်းမှ စင်ကြယ်လိမ့်မည်။ ဤသည်ကား သားယောက်ျားကိုဖြစ်စေ၊ သမီးမိန်းကလေးကိုဖြစ်စေ မွေးဖွားခြင်းနှင့်ဆိုင်သောပညတ်တရားဖြစ်၏။ 8 အကယ်၍ သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ယူဆောင်လာရမည်။ တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်၏။ ယဇ်ပုရောဟိတ်သည် ထိုမိန်းမအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် စင်ကြယ်လိမ့်မည်”ဟု မိန့်တော်မူ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative
Global Bible Initiative