Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

ဟေ​ရှာ​ယ 4 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ထို​နေ့ရက်​၌ မိန်းမ​ခုနစ်​ယောက်​သည် ယောက်ျား​တစ်​ယောက်​ကို​ဖမ်းဆွဲ​လျက် “​ကျွန်မ​တို့​သည် ကိုယ့်​အစာ​ကိုယ်​စား​ပါ​မည်​။ ကိုယ့်​အဝတ်​ကိုယ်​ဝတ်​ပါ​မည်​။ ကျွန်မ​တို့ ကဲ့ရဲ့ပြစ်တင်​ခြင်း​မ​ခံရ​စေရန် ကျွန်မ​တို့​ကို သင့်​နာမည်​ဖြင့်​ခေါ်​သော​အခွင့်​ကို​သာ ပြု​ပါ​”​ဟု ဆို​ကြ​လိမ့်မည်​။


ဇိအုန်မြို့၏အနာဂတ်ဘုန်းအသရေ

2 ထို​နေ့ရက်​၌ ထာဝရဘုရား​၏​အကိုင်း​သည် လှပ​၍​ဘုန်းအသရေ​ရှိ​မည်​။ မြေ​၏​အသီးအနှံ​သည်​လည်း အသက်​ဘေးလွတ်​သော​အစ္စရေး​လူမျိုး​တို့​အတွက် ဂုဏ်ယူဝင့်ကြွားစရာ​ဖြစ်​လိမ့်မည်​။

3 ဇိအုန်​တောင်​၌​ကြွင်းကျန်​သော​သူ​၊ ဂျေရုဆလင်​မြို့​၌​ကျန်ရစ်​သော​သူ စသည့် ဂျေရုဆလင်​မြို့​တွင်​အသက်ရှင်​သော​သူ​တို့​စာရင်း​၌ ရေးမှတ်​ထား​သော​သူ​အားလုံး​သည် သန့်ရှင်း​သူ​ဟု ခေါ်ဝေါ်​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။

4 ဘုရားရှင်​သည် တရားစီရင်​ခြင်း​ဝိညာဉ်​၊ လောင်ကျွမ်း​ခြင်း​ဝိညာဉ်​တို့​ဖြင့် ဇိအုန်​သမီး​တို့​၏​အညစ်အကြေး​ကို​ဆေးကြော​၍ ဂျေရုဆလင်​မြို့​ထဲ​မှ သွေး​တို့​ကို သန့်စင်​စေ​တော်မူ​မည်​။

5 ထာဝရဘုရား​သည် ဇိအုန်​တောင်​၏​ဓမ္မစည်းဝေး​ရာ​နေရာ​မှစ၍ ထို​တောင်​၏​နေရာ​အနှံ့​တွင် နေ့အချိန်​၌ မိုးတိမ်​နှင့်​မီးခိုး​ကို​လည်းကောင်း​၊ ညအချိန်​၌ တောက်ပ​သော​မီးလျှံ​ကို​လည်းကောင်း ဖြစ်ပေါ်​စေ​တော်မူ​မည်​။ အကယ်စင်စစ် ဘုန်းအသရေ​ရှိသမျှ​တို့​အပေါ်​၌ မျက်နှာကြက်​ရှိ​မည်​။

6 နေ့​အချိန် အပူရှိန်​ကို​ကာကွယ်​ပေး​သော​အရိပ်​၊ မိုးသက်မုန်တိုင်း​ဘေး​မှ ခိုလှုံ​ရာ​၊ ကွယ်ကာ​ရာ​အဖြစ် တဲ​လည်း​ရှိ​မည်​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2022 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ