Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

၁ ရာဇ​ဝင်​ချုပ် 3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်


ဒါဝိဒ်မင်းကြီး၏သားစဉ်မြေးဆက်များ

1 ဟေဗြုန်​မြို့​၌ ဒါဝိဒ်​မင်းကြီး​ရ​သော​သား​များ​တွင် သားဦး​မှာ ယေဇရေလ​မြို့သူ​အဟိနောင်​နှင့်​ရ​သော​အာမနုန်​၊ ဒုတိယ​သား​မှာ ကရမေလ​မြို့သူ​အဘိဂဲလ​နှင့်​ရ​သော​ဒံယေလ​၊

2 တတိယ​သား​မှာ ဂေရှုရ​ဘုရင်​တာလမဲ​မင်းကြီး​၏​သမီး​တော် မာခါ​နှင့်​ရ​သော​အဗရှလုံ​၊ စတုတ္ထ​သား​မှာ ဟဂ္ဂိတ်​နှင့်​ရ​သော​အဒေါနိယ​၊

3 ပဉ္စမ​သား​မှာ အဘိတလ​နှင့်​ရ​သော​ရှေဖတိ​၊ ဆဋ္ဌမ​သား​မှာ မိဖုရား​ဧဂလာ​နှင့်​ရ​သော​ဣသရံ တို့​ဖြစ်​ကြ​၏​။

4 ဤ​သား​ခြောက်​ဦး​မှာ ဟေဗြုန်​မြို့​တွင် ရ​သော​သား​များ​ဖြစ်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​သည် ဟေဗြုန်​မြို့​တွင် ခုနစ်​နှစ်​နှင့်​ခြောက်​လ​၊ ဂျေရုဆလင်​မြို့​တွင် သုံးဆယ့်​သုံး​နှစ်​စိုးစံ​ခဲ့​၏​။

5 ဂျေရုဆလင်​မြို့​တွင် ရ​သော​သား​များ​မှာ အမျေလ​၏​သမီး​ဗာသရှုအာ​နှင့်​ရ​သော​ရှိမာ​၊ ရှောဗပ်​၊ နာသန်​၊ ရှောလမုန် ပေါင်း​လေး​ယောက်​အပြင်

6 ဣဗဟာ​၊ ဧလိရှမာ​၊ ဧလိဖလက်​၊

7 နောဂ​၊ နေဖက်​၊ ယာဖျာ​၊

8 ဧလိရှမာ​၊ ဧလျာဒ​၊ ဧလိဖလက် ပေါင်း သား​ကိုး​ယောက်​လည်း ရှိ​သေး​၏​။

9 ဤ​သား​များ​အပြင် မောင်းမ​များ​နှင့်​ရ​သော ဒါဝိဒ်​မင်းကြီး​၏​သား​များ​လည်း ရှိ​သေး​၏​။ သူ​တို့​တွင် တာမာ​ဟူသော​နှမ​တော်​တစ်​ဦး​လည်း ရှိ​၏​။


ယုဒပြည်၏ဘုရင်များ

10 ရှောလမုန်​၏​သား​မှာ ရောဗောင်​၊ ရောဗောင်​၏​သား​မှာ အဘိယ​၊ အဘိယ​၏​သား​မှာ အာသ​၊ အာသ​၏​သား​မှာ ယောရှဖတ်​၊

11 ယောရှဖတ်​၏​သား​မှာ ယောရံ​၊ ယောရံ​၏​သား​မှာ အာခဇိ​၊ အာခဇိ​၏​သား​မှာ ယောရှ​၊

12 ယောရှ​၏​သား​မှာ အာမဇိ​၊ အာမဇိ​၏​သား​မှာ အာဇရိ​၊ အာဇရိ​၏​သား​မှာ ယောသံ​၊

13 ယောသံ​၏​သား​မှာ အာခတ်​၊ အာခတ်​၏​သား​မှာ ဟေဇကိ​၊ ဟေဇကိ​၏​သား​မှာ မနာရှေ​၊

14 မနာရှေ​၏​သား​မှာ အာမုန်​၊ အာမုန်​၏​သား​မှာ ယောရှိ ဖြစ်​၏​။

15 ယောရှိ​၏​သား​များ​မှာ သားဦး​ယောဟနန်​၊ ဒုတိယ​သား​ယောယကိမ်​၊ တတိယ​သား​ဇေဒကိ​၊ စတုတ္ထ​သား​ရှလ္လုံ တို့​ဖြစ်​ကြ​၏​။

16 ယောယကိမ်​၏​သား​မှာ ယေခေါနိ​၊ ယေခေါနိ​၏​သား​မှာ ဇေဒကိ ဖြစ်​၏​။


သုံ့ပန်းဘဝရောက်ပြီးနောက်ပိုင်း ဒါဝိဒ်မျိုးဆက်များ

17 အကျဉ်းစံ​ယေခေါနိ​၏​သားမြေး​များ​မှာ သား​တော် ရှာလသေလ​၊

18 မာလခိရံ​၊ ပေဒါယ​၊ ရှေနဇာ​၊ ယေကမိ​၊ ဟောရှမ​၊ နေဒဘိ တို့​ဖြစ်​ကြ​၏​။

19 ပေဒါယ​၏​သား​များ​မှာ ဇေရုဗဗေလ​နှင့် ရှိမိ တို့​ဖြစ်​ကြ​၏​။ ဇေရုဗဗေလ​၏​သား​များ​မှာ မေရှုလံ​၊ ဟာနနိယ​နှင့် သူ​တို့​၏​နှမ​ရှေလောမိတ် တို့​ဖြစ်​ကြ​၏​။

20 ထို့ပြင် ဟရှုဘ​၊ ဩဟေလ​၊ ဗေရခိ​၊ ဟသဒိ​၊ ယုရှသေသက် ပေါင်း​ငါး​ယောက်​လည်း ရှိ​သေး​၏​။

21 ဟာနနိယ​၏​သား​များ​မှာ ပေလတိ​၊ ယေရှာယ တို့​ဖြစ်​ကြ​၏​။ ယေရှာယ​၏​သား​မှာ ရေဖာယ​၊ ရေဖာယ​၏​သား​မှာ အာနန်​၊ အာနန်​၏​သား​မှာ ဩဗဒိ​၊ ဩဗဒိ​၏​သား​မှာ ရှေခနိ တို့​ဖြစ်​ကြ​၏​။

22 ရှေခနိ​၏​သား​မှာ ရှေမာယ​၊ ရှေမာယ​၏​သား​များ​မှာ ဟတ္တုတ်​၊ ဣဂါလ​၊ ဗာရိ​၊ နာရိ​၊ ရှာဖတ် ပေါင်း​ခြောက်​ယောက် ရှိ​၏​။

23 နာရိ​၏​သား​များ​မှာ ဧလိဩနဲ​၊ ဟေဇကိ​၊ အာဇရိကံ ပေါင်း​သုံး​ယောက် ရှိ​၏​။

24 ဧလိဩနဲ​၏​သား​များ​မှာ ဟောဒါယ​၊ ဧလျာရှိပ်​၊ ပေလာယ​၊ အက္ကုပ်​၊ ယောဟနန်​၊ ဒေလာယ​၊ အာနနိ ပေါင်း​ခုနစ်​ယောက် ရှိ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2022 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ