ဆာလံကျမ်း 134 - Myanmar Common Language Zawgyi Versionဘုရားသခင်ကိုထောမနာပြုကြရန်ခေါ်ဖိတ်ခြင်း 1 ကိုယ်တော်၏အစေခံသူ၊ဗိမာန်တော်တွင်ညဥ့် အခါ အမှုတော်ဆောင်သူအပေါင်းတို့၊ လာ၍ထာဝရဘုရားအားထောမနာပြုကြလော့။ 2 လက်အုပ်ချီ၍ဗိမာန်တော်ထဲ၌ဆုတောင်း ပတ္ထနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။ 3 ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသော ထာဝရဘုရားသည်ဇိအုန်တောင်တော်ပေါ်မှ သင်တို့ကိုကောင်းချီးပေးတော်မူပါစေသော။ |
Myanmar Common Language Bible Zawgyi Version © Bible Society of Myanmar, 2020.
Bible Society of Myanmar