ဆာလံကျမ်း 117 - Myanmar Common Language Zawgyi Versionထာဝရဘုရားအားထောမနာပြုခြင်း 1 နိုင်ငံတကာတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ လူမျိုးအပေါင်းတို့၊ကိုယ်တော်အား ထောမနာပြုကြလော့။ 2 ငါတို့အတွက်ထားရှိသောမေတ္တာတော်သည် ကြီးမားတော်မူ၏။ ကိုယ်တော်၏သစ္စာတော်သည်လည်း ထာဝစဉ်တည်တော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။ |
Myanmar Common Language Bible Zawgyi Version © Bible Society of Myanmar, 2020.
Bible Society of Myanmar