ဆာလံကျမ်း 134 - Judson Bible in Zawgyi Versionညဥ့်ယံချီးမွမ်းခြင်း 1 ထာဝရဘုရား၏အိမ်တော်၌ ညဥ့်ယံစောင့်သော ထာဝရဘုရား၏ကျွန်တော်အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ 2 သန့်ရှင်းရာဌာနတော်သို့ လက်ကိုချီ၍၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ 3 ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က၊ သင့်ကို ကောင်းချီးပေးတော်မူပါစေသော။ |
Judson Bible Myanmar Language Edition Zawgyi Version © Bible Society of Myanmar, 2020.
Bible Society of Myanmar