Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

ဆာလံကျမ်း 1 - Judson Bible in Zawgyi Version


အ​တွဲ ၁ (ဆာ​၊ ၁—၄၁ ) မင်္ဂ​လာ​အ​စစ်​အ​မှန်

1 မ​တ​ရား​သော​သူ​တို့​၏ တိုက်​တွန်း​ခြင်း​သို့​မ​လိုက်၊

2 လူ​ဆိုး​တို့၏ လမ်း​တွင်​မ​ရပ်​မ​နေ၊ မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့၏ အ​စည်း​အ​ဝေး​၌​မ​ထိုင်၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​၌ မွေ့​လျော်​၍၊ တ​ရား​တော်​ကို နေ့​ည​မ​ပြတ်​ဆင်​ခြင်​အောက်​မေ့​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။

3 အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မြစ်​နား​မှာ​စိုက်​လျက် မိ​မိ​အ​ချိန်​တန်​မှ အ​သီး​ကို​သီး​၍၊ အ​ရွက်​မ​ညှိုး​နွမ်း​တတ်​သော အ​ပင်​နှင့်​တူ၏။ ပြု​လေ​သ​မျှ​တို့​၌ အောင်​လိမ့်​သ​တည်း။

4 မ​တ​ရား​သော သူ​တို့​မူ​ကား ထို​ကဲ့​သို့​မ​ဟုတ်။ လေ​တိုက်​၍ လွင့်​သော ဖွဲ​နှင့်​တူ​ကြ​၏။

5 ထို​ကြောင့် တ​ရား​ဆုံး​ဖြတ်​တော်​မူ​ရာ​ကာ​လ၌၊ မ​တ​ရား​သော​သူ​တို့​သည် မ​တည်​မ​နေ​ရ​ကြ။ ဖြောင့်​မတ်​သော​သူ​တို့၏ အ​ပေါင်း​အ​သင်း​ထဲ​သို့ လူ​ဆိုး​တို့​သည် မ​ဝင်​ရ​ကြ။

6 အ​ကြောင်း​မူ​ကား၊ ဖြောင့်​မတ်​သော​သူ​တို့၏​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​ကျွမ်း​တော်​မူ​၏။ မ​တ​ရား​သော​သူ​တို့​၏​လမ်း​သည် ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လိမ့်​သ​တည်း။

Judson Bible Myanmar Language Edition Zawgyi Version © Bible Society of Myanmar, 2020.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ