ယောရှု 12 - Judson Bible in Zawgyi Versionမောရှေအောင်မြင်သောမင်းများ 1 ယော်ဒန်မြစ်အရှေ့ နေထွက်ရာဘက်၌၊ အာနုန်မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ အရှေ့လွင်ပြင်ရှိသမျှပါလျက်၊ ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍ သိမ်းယူသောပြည်ကို အစိုးရသော မင်းကြီးများဟူမူကား၊ 2 အာနုန်မြို့အနားမှာ အာရော်မြို့၊ မြစ်တစ်ဝက်၊ ဂိလဒ်ပြည်တစ်ဝက်မှစ၍ အမ္မုန်ပြည်စွန်းအပိုင်းအခြား ယဗ္ဗုတ်မြစ်တိုင်အောင်လည်းကောင်း၊ 3 အရှေ့မျက်နှာ၌လွင်ပြင်မှစ၍ ဂင်္နေသရက်အိုင်နှင့် လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်အရှေ့ဘက် ဗက်ယေရှိမုတ်မြို့သို့ သွားရာလမ်း၊ အာဇုတ်ပိသဂါမြို့အနား၊ တောင်မျက်နှာမှ လာရာလမ်းတိုင်အောင်လည်းကောင်း အစိုးရ၍၊ ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင်ရှိဟုန်တစ်ပါး၊ 4-5 ဟေရမုန်တောင်နှင့် သာလကပြည်ကိုလည်းကောင်း၊ ဂေရှုရိလူ၊ မာခါသိလူနေသော ပြည်စွန်းတိုင်အောင် ဗာရှန်ပြည် တစ်လျှောက်လုံးကိုလည်းကောင်း၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ်ပြည်တစ်ဝက်ကိုလည်းကောင်း အစိုးရ၍၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌နေသော အလွန်ကြီးမားသောလူမျိုးထဲက ကျန်ကြွင်းသောသူ ဗာရှန်ရှင်ဘုရင်ဩဃတစ်ပါး၊ 6 ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား၏ကျွန်မောရှေနှင့် ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍၊ ထာဝရဘုရား၏ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့အား အပိုင်ပေးလေ၏။ ယောရှုအောင်မြင်သောမင်းများ 7-8 ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ရှိသော ဗာလဂဒ်မြို့မှစ၍၊ စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင်အောင် တောင်ပေါ်အရပ်၊ ချိုင့်ထဲအရပ်၊ လွင်ပြင်အရပ်၊ စမ်းရေတွင်းအရပ်၊ တောအရပ်၊ တောင်မျက်နှာအရပ်၊ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူနေရာ၊ ယောရှုနှင့် ဣသရေလအမျိုးသားလုပ်ကြံ၍၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား အပိုင်ပေးသောပြည်ကို အစိုးရသော မင်းကြီးများဟူမူကား၊ 9 ယေရိခေါမင်းကြီးတစ်ပါး၊ ဗေသလမြို့အနားမှာ၊ အာဣမင်းကြီးတစ်ပါး၊ 10 ယေရုရှလင်မင်းကြီးတစ်ပါး၊ ဟေဗြုန်မင်းကြီးတစ်ပါး၊ 11 ယာမုတ်မင်းကြီးတစ်ပါး၊ လာခိရှမင်းကြီးတစ်ပါး၊ 12 ဧဂလုန်မင်းကြီးတစ်ပါး၊ ဂေဇာမင်းကြီးတစ်ပါး၊ 13 ဒေဗိရမင်းကြီးတစ်ပါး၊ ဂေဒါမင်းကြီးတစ်ပါး၊ 14 ဟောမာမင်းကြီးတစ်ပါး၊ အာရဒ်မင်းကြီးတစ်ပါး၊ 15 လိဗနမင်းကြီးတစ်ပါး၊ အဒုလံမင်းကြီးတစ်ပါး၊ 16 မက္ကဒါမင်းကြီးတစ်ပါး၊ ဗေသလမင်းကြီးတစ်ပါး၊ 17 တာပွါမင်းကြီးတစ်ပါး၊ ဟေဖာမင်းကြီးတစ်ပါး၊ 18 အာဖက်မင်းကြီးတစ်ပါး၊ လာရှရုန်မင်းကြီးတစ်ပါး၊ 19 မာဒုန်မင်းကြီးတစ်ပါး၊ ဟာဇော်မင်းကြီးတစ်ပါး၊ 20 ရှိမရုန်မင်းကြီးတစ်ပါး၊ အာခရှပ်မင်းကြီးတစ်ပါး၊ 21 တာနက်မင်းကြီးတစ်ပါး၊ မေဂိဒ္ဒေါမင်းကြီးတစ်ပါး၊ 22 ကေဒေရှမင်းကြီးတစ်ပါး၊ ကရမေလတောင်ပေါ်မှာ ယောကနမ်မင်းကြီးတစ်ပါး၊ 23 ဒေါရပြည်နယ်မှာ ဒေါရမင်းကြီးတစ်ပါး၊ ဂိလဂါလပြည်မှာ ဂေါအိမ်မင်းကြီးတစ်ပါး၊ 24 တိရဇမင်းကြီးတစ်ပါး၊ မင်းကြီးပေါင်းသုံးဆယ်တစ်ပါးတည်း။ |
Judson Bible Myanmar Language Edition Zawgyi Version © Bible Society of Myanmar, 2020.
Bible Society of Myanmar