Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

ဧ​သ​တာ 10 - Judson Bible in Zawgyi Version


မော်​ဒ​ကဲ​၏​တန်​ခိုး​ကြီး​ခြင်း

1 ရှင်​ဘု​ရင် အာ​ရွှေ​ရု​သည် မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ ပင်​လယ်​တွင်​ရှိ​သော ကျွန်း​တို့​ပေါ်၌​လည်း​ကောင်း၊ ငွေ​တော်​ခွဲ​ကြောင်း အ​စ​ရှိ​သော၊

2 အာ​ဏာ​တန်​ခိုး​တော်​နှင့် စီ​ရင်​သ​မျှ​သော အ​မှု​အ​ရာ​များ​နှင့်​တ​ကွ၊ ချီး​မြှောက်​တော်​မူ​ခြင်း​ကို ခံ​ရ​သော မော်​ဒ​ကဲ၏ ဘုန်း​တန်​ခိုး၊ ထင်​ရှား​သော အ​ခြင်း​အ​ရာ​တို့​သည် မေ​ဒိ၊ ပေ​ရ​သိ​ရာ​ဇ​ဝင်​တို့၌ ရေး​ထား​လျက်​ရှိ၏။

3 ယု​ဒ​အ​မျိုး​သား မော်​ဒ​ကဲ​သည် ရှင်​ဘု​ရင် အာ​ရွှေ​ရု​အောက်၌ အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရ၍ ယု​ဒ​လူ​တို့​တွင် ဘုန်း​ကြီး၏။ မိ​မိ​အ​မျိုး၏ အ​ကျိုး​စီး​ပွား​ကို ပြု​စု​လျက်၊ အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​အား မင်္ဂ​လာ​စ​ကား​ကို​သာ ပြော​လျက်၊ မိ​မိ​အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​တွင် မျက်​နှာ​ရ​သော​သူ ဖြစ်​သ​တည်း။ ဧ​သ​တာ​ဝ​တ္ထု​ပြီး၏။

Judson Bible Myanmar Language Edition Zawgyi Version © Bible Society of Myanmar, 2020.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ